အမေရိကန်အဆိုတော် Oliver Tree ဘရာဇီးတွင် ရဟတ်ယာဉ်ချင်းတိုက်မိပြီး ကွယ်လွန်

“Life Goes On” နှင့် “Miss You” စသည့် နာမည်ကျော် Alternative Pop သီချင်းများဖြင့် တစ်ကမ္ဘာလုံးတွင် ဖော်လိုဝါ သန်းနှင့်ချီ ရရှိထားသည့် အမေရိကန်အဆိုတော်နှင့် အင်တာနက်ဆယ်လီ Oliver Tree (အသက် ၃၂ နှစ်)သည် ဘရာဇီးနိုင်ငံ၊ Rio de Janeiro တွင် ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ချင်း တိုက်မိမှုဖြစ်စဉ်တစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း ဘရာဇီးအာဏာပိုင်များနှင့် နိုင်ငံတကာသတင်းများက အတည်ပြုလိုက်ပါတယ်ဗျာ။

ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက ရီယိုဒီဂျနေးရိုးမြို့ အနောက်ဘက်ဆင်ခြေဖုံးအရပ် ကောင်းကင်ယံတွင် ရဟတ်ယာဉ် ၂ စီးသည် မထင်မှတ်ဘဲ အချင်းချင်း တိုက်မိခဲ့ကြသည်။ တိုက်မိပြီးနောက် ရဟတ်ယာဉ်တစ်စီးသည် တရုတ် BYD ကုမ္ပဏီ၏ လျှပ်စစ်ကား (EV) အရောင်းပြခန်း ဝင်းအတွင်းရှိ ကားပါကင်ပေါ်သို့ ပျက်ကျခဲ့ပြီး၊ ယင်းကြောင့် လျှပ်စစ်ကား အစီးရေ ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။

အဆိုပါ ရဟတ်ယာဉ် ၂ စီးပေါ်တွင် ပါရှိသူ စုစုပေါင်း ၆ ဦးလုံး (ရှင်သန်သူမရှိဘဲ) ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ သေဆုံးသူများထဲတွင် အဆိုတော် အိုလီဗာထရီး အပြင် အာဂျင်တီးနားနိုင်ငံသား နာမည်ကျော် Gaspi (Gaspar Prim)၊ အာဂျင်တီးနား ရုပ်ရှင်ဒါရိုက်တာ Lucas Vignale၊ ဘရာဇီးတေးဂီတထုတ်လုပ်သူ Lucas Frota နှင့် လေယာဉ်မှူး ၂ ဦးတို့ ပါဝင်သည်။

အိုလီဗာထရီးသည် ၎င်း၏ “Love You Madly Hate You Badly” အယ်လ်ဘမ်အသစ်အတွက် ကမ္ဘာ့အနှံ့ ဖျော်ဖြေရေးခရီးစဉ် (World Tour) အဖြစ် တောင်အမေရိကသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းသည် ဇွန်လ ၄ ရက်က အာဂျင်တီးနားတွင်လည်းကောင်း၊ ဇွန်လ ၆ ရက်က ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင်လည်းကောင်း ဖျော်ဖြေခဲ့ပြီး၊ နောက်ထပ်ခရီးစဉ်အဖြစ် ဇူလိုင်လတွင် ပေါ်တူဂီနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားစဉ် ယခုကဲ့သို့ ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်သည်။ ၎င်းမကွယ်လွန်မီ တစ်ရက်အလိုကပင် ဘရာဇီးရပ်ကွက်တစ်ခုအတွင်း ဘောလုံးကန်ပြီး ပျော်ရွှင်နေသည့် ဗီဒီယိုကို အင်စတာဂရမ် (Instagram) ပေါ်တွင် နောက်ဆုံး တင်ခဲ့သေးသည်။

၎င်းသည် ထူးခြားဆန်းပြားသော “ခွက်မှောက်ကေဆံပင်စတိုင်”၊ အဝတ်အစားပွပွကြီးများနှင့် လူမှုကွန်ရက် (TikTok/YouTube) ပေါ်တွင် ဟာသဗီဒီယိုတိုများ ဖန်တီးလေ့ရှိခြင်းကြောင့် အလွန်လူသိများပြီး၊ ၎င်း၏ “Life Goes On” သီချင်းသည် YouTube တွင် ကြည့်ရှုသူ သန်း ၄၆၀ ကျော်အထိ ရရှိထားသည်။

Source;The Guardian