ထိုင်းဝမ်ရေလက်ကြားအနီး ဖူကျန့်ပြည်နယ်၊ ဒေါင်ရှန်ကျွန်း ကမ်းလွန်တွင် တရုတ်နိုင်ငံက ဇူလိုင် ၂၄ နှင့် ၂၅ ရက်များ၌ ၂ ရက်ကြာ ကျည်ဆန်းအစစ်သုံး စစ်ရေးလေ့ကျင့်မည် ဖြစ်ရာ အဆိုပါ ပင်လယ်ပြင်အတွင်း ရေယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုရန် ပိတ်ပင်လိုက်ပါတယ်ဗျာ။
ဇူလိုင် ၂၄ နှင့် ၂၅ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဒေါင်ရှန်ကျွန်းအနီး ရေကြောင်းကို ပိတ်ဆို့၍ ကျည်ဆန်းအစစ်များဖြင့် ပစ်ခတ်လေ့ကျင့်နေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်အနီး တရုတ်စစ်လေယာဉ် ၂၁ စီးနှင့် စစ်သင်္ဘောများ လှုပ်ရှားခဲ့ပြီး လေယာဉ် ၂၀ စီးခန့်မှာ ရေလက်ကြား၏ ဗဟိုစည်း (Median Line) ကို ကျော်လွန် ပျံသန်းခဲ့သည်။ ထို့ပြင် တရုတ်လွှတ်တင်လိုက်သည့် ဒုံးပျံတစ်စင်းမှာလည်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုံ (ADIZ) ကို ဖြတ်သန်းသွားခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ထိုင်ဝမ်အရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး ၁ ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ကာ ဒေသတွင်း စစ်ရေးတင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့သည်။
Source;Thairath
