အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ကွန်ဒုံးဈေးနှုန်း ၃၀% အထိ မြင့်တက်လာနိုင်

Karex ကုမ္ပဏီသည် Durex နှင့် Trojan ကဲ့သို့သော နာမည်ကြီးတံဆိပ်များအပြင် ကုလသမဂ္ဂ (UN) ၏ ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များအတွက်ပါ တစ်နှစ်လျှင် ကွန်ဒုံးအလုံးရေ ၅ ဘီလီယံကျော် ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီဖြစ်ပါတယ်။

စစ်ပွဲကြောင့် ကုန်ကြမ်းစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန် မြင့်တက်လာသည့်အတွက် ကုမ္ပဏီအနေဖြင့် စားသုံးသူများထံသို့ ကုန်ကျစရိတ်ကို လွှဲပြောင်းရန် (ဈေးတင်ရန်) မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း CEO ဖြစ်သူ Goh Miah Kiat က ဆိုပါတယ်။ ကြန့်ကြာမှု: ယခင်က ဥရောပနှင့် အမေရိကန်သို့ ပို့ဆောင်လျှင် တစ်လသာ ကြာမြင့်သော်လည်း ယခုအခါ သင်္ဘောလမ်းကြောင်း ပြဿနာများကြောင့် နှစ်လနီးပါးကြာမြင့်နေပါတယ်။

သင်္ဘောများပေါ်တွင် ပစ္စည်းများ ကြန့်ကြာနေသဖြင့် နိုင်ငံအတော်များများတွင် ကွန်ဒုံးလက်ကျန် ပမာဏမှာ ပုံမှန်ထက် နည်းပါးနေပြီး ဝယ်လိုအား (Demand) ကတော့ ဆက်လက်မြင့်တက်နေပါတယ်။ Karex သည် ကမ္ဘာ့ကွန်ဒုံးဈေးကွက်၏ အဓိကထောက်ပံ့သူဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးစနစ် (NHS) ကိုပင် ပင်မထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်ပါတယ်။ 

:အကယ်၍ စစ်ပွဲကြောင့်ဖြစ်ပေါ်လာသည့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ (Supply chain disruptions) ဆက်လက်ရှည်ကြာနေပါက ဈေးနှုန်းများမှာ ယခုထက်ပင် ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

Source;The Guardian