ဘန်ကောက် Gold Line ရထား လက်မှတ်ဈေးနှုန်း ၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ၁၇ ဘတ်သို့ တိုးမြှင့်မည်

ဘန်ကောက်၊ ထိုင်း — Krungthep Thanakom Co Ltd (KT) သည် Gold Line ရထားလမ်းကြောင်း၏ Krung Thon Buri ဘူတာမှ Khlong San ခရိုင်ရုံးအထိ (Phase 1 လမ်းကြောင်း) တစ်လျှောက်လုံးအတွက် ဈေးနှုန်းများကို တိုးမြှင့်လိုက်ကြောင်း တရားဝင် ကြေညာလိုက်သည်။

💰 လက်မှတ်ဈေးနှုန်း အပြောင်းအလဲများ

လက်ရှိဈေးနှုန်း: ၁၆ ဘတ် (တစ်ကြောင်းလုံးအတွက်)

ပြောင်းလဲမည့်ဈေးနှုန်း: ၁၇ ဘတ် (တစ်ကြောင်းလုံးအတွက် ပြင်ဆင်ထားသော နှုန်းထား)

စတင်မည့်ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့

KT ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ဤဈေးနှုန်းညှိနှိုင်းမှုသည် စီမံကိန်း၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။

Photo Courtesy of Railway Gazette

👴 ကင်းလွတ်ခွင့်နှင့် အထူးနှုန်းထားများ

အချို့သော ခရီးသည်အမျိုးအစားများအတွက် လျှော့စျေးနှင့် ကင်းလွတ်ခွင့်များကို ဆက်လက်ထားရှိမည်ဖြစ်သည်။

လျှော့ဈေး (၉ ဘတ်):

  • အသက် ၆၀ နှစ်နှင့်အထက် ထိုင်းနိုင်ငံသားများ။
  • သက်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသော စစ်ပြန်များ။

အခမဲ့စီးနင်းခွင့် (ကင်းလွတ်):

  • အရပ် ၉၀ စင်တီမီတာထက် မမြင့်သော ကလေးများ။
  • တရားဝင် အသိအမှတ်ပြု မသန်စွမ်းကတ် ကိုင်ဆောင်ထားသူများ။

Gold Line အသုံးပြုသူများအနေဖြင့် လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဈေးနှုန်းအပြောင်းအလဲကို သတိပြုမိစေရန် အသိပေးအပ်ပါသည်။

Source: Nation Thailand