ဘန်ကောက်မြို့၊ ဖရာနခွန် (Phra Nakhon) နယ်မြေ၊ ဘော်ဝန်နိဝတ်လမ်း (Bowonniwet Road) ပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ချနာဆောင်ခရမ် (Chana Songkhram) ရဲစခန်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ချက်ချင်း သွားရောက်ကူညီခဲ့ကြပါတယ်။
CCTV မှတ်တမ်းတွေအရ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးမောင်းနှင်တဲ့ လျှပ်စစ်ကားဟာ အဝိုင်းနားမှာ ရပ်ထားရာကနေ ရုတ်တရက် အရှိန်ပြင်းစွာနဲ့ အဝိုင်းကို နှစ်ပတ်ခန့် ပတ်မောင်းပြီးနောက် လမ်းဘေးက ဆိုင်ကယ်သုံးဘီး (Tricycle)၊ ခေါက်ဆွဲဆိုင်နဲ့ ကုန်စုံဆိုင်ထဲကို အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့တာပါ။ စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဂျာမန်အမျိုးသမီး တစ်ဦး အပါအဝင် နိုင်ငံခြားသား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၆ ဦး (အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး) ပါဝင်ပြီး သူတို့ကို အနီးနားက ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။

ခေါက်ဆွဲဆိုင်ပိုင်ရှင်ရဲ့ အဆိုအရ ကားက အဝိုင်းကို အရှိန်နဲ့ ပတ်မောင်းနေတာကြောင့် သူ့ရဲ့မိခင်နဲ့ ရည်းစားဖြစ်သူတို့ဟာ ကြောက်လန့်ပြီး ကုန်စုံဆိုင်ထဲကို ပြေးဝင်ပုန်းအောင်းခဲ့ကြပေမဲ့ ကားက ဆိုင်ထဲအထိ ဝင်တိုက်ခဲ့တာကြောင့် ဒဏ်ရာရသွားခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၅၇ နှစ်အရွယ် ယာဉ်မောင်းအမျိုးသမီးကတော့ အဲဒီအချိန်မှာ သူမအနေနဲ့ ကားကို လုံးဝထိန်းချုပ်လို့ မရတော့ဘဲ ဖြစ်သွားခဲ့တာလို့ ကနဦး ထွက်ဆိုထားပါတယ်။
ကားအာမခံကုမ္ပဏီက ပျက်စီးဆုံးရှုံးမှုတွေကို တာဝန်ယူပေးမှာဖြစ်ပြီး ဒဏ်ရာရသူတွေအတွက် ဆေးကုသစရိတ်ကို ဥပဒေအရ တစ်ဦးလျှင် ဘတ် ၈၀,၀၀၀ (ကျပ်သိန်း ၇၀ ကျော်ခန့်) အထိ အာမခံကနေ ပေးလျော်သွားမှာ ဖြစ်ပါတယ်။
Source;Thairath English

