သောကြာနေ့နဲ့ စနေနေ့ (ဧပြီ ၁၀-၁၁) နှစ်ရက်တာအတွင်းမှာတင် ယာဉ်မတော်တဆမှုပေါင်း ၃၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။
နှစ်ရက်အတွင်း သေဆုံးသူ ၇၁ ဦး နှင့် ဒဏ်ရာရရှိသူ ၃၁၇ ဦး ရှိခဲ့ပါတယ်။ စနေနေ့တစ်ရက်တည်းမှာတင် ယာဉ်တိုက်မှု ၂၀၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ၅၀ ဦး သေဆုံးခဲ့ပါတယ်။နန်း (Nan) ခရိုင်မှာ မတော်တဆမှု အများဆုံး (၁၇ ကြိမ်) ဖြစ်ပွားခဲ့ပြီး၊ ပရာချင်ဘူရီ (Prachin Buri) နဲ့ ဖစ်စနုလော့ (Phitsanulok) ခရိုင်တို့မှာ သေဆုံးသူ ၄ ဦးစီနဲ့ အများဆုံး ရှိခဲ့ပါတယ်။
မတော်တဆမှုတွေရဲ့ ၄၅ ရာခိုင်နှုန်း ဟာ သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်ခြင်းကြောင့်ဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်း ကတော့ အရက်သောက်မောင်းနှင်ခြင်းကြောင့် ဖြစ်ပါတယ်။ မတော်တဆမှုအားလုံးရဲ့ ၆၁ ရာခိုင်နှုန်း မှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။
ခရီးသွားအများစုဟာ ၎င်းတို့ရဲ့ နေရပ်ဒေသအသီးသီးကို ရောက်ရှိနေကြပြီဖြစ်ပေမဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုတွေကိုတော့ တင်းတင်းကျပ်ကျပ် ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Source;Bangkok Post
