အသက် ၂၄ နှစ်အရွယ် အစိုးရဆေးရုံ သူနာပြုအမျိုးသမီးဟာ သူမရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် ရဲစခန်းကို အကူအညီတောင်းခံခဲ့ရပါတယ်။
သူနာပြုအမျိုးသမီးဟာ နေ့လယ်စာမှာယူခဲ့ပြီး အစားအသောက်ကို လှေကားရင်းမှာပဲ ထားခဲ့ဖို့ မှတ်ချက်ရေးထားခဲ့ပါတယ်။ ဒါပေမဲ့ Rider က သူမရဲ့ Line အကောင့်ကို တောင်းဆိုခဲ့ပြီး စကားပြောချင်တယ်လို့ ပြောခဲ့ပါတယ်။ Rider က သူအဆောင်အပြင်မှာ ရှိနေသေးကြောင်းနဲ့ သူမရဲ့ အခန်းနံပါတ်ကို မေးမြန်းခဲ့ပါတယ်။ ထူးခြားတာက သူမရဲ့ “ကြောင်” ကို လာကြည့်ချင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး တကယ်တော့ သူမမှာ ကြောင်မရှိပါဘူး။
သူမက ကြောက်ရွံ့သွားတာကြောင့် “ရည်းစားဖြစ်သူ လာယူလိမ့်မယ်” လို့ လိမ်ပြောခဲ့ပေမဲ့ Rider က ချက်ချင်းမပြန်ဘဲ ဆိုင်ကယ်ပေါ်မှာ ဆက်လက်ထိုင်နေခဲ့ပါတယ်။ အောက်ထပ်ဆင်းကြည့်တဲ့အခါ Rider ရှိနေသေးတာကြောင့် သူမက ရဲတိုင်ခဲ့ပါတယ်။ ရဲတွေမလာခင်မှာ Rider ဖြစ်သူ သီရာဝပ် (Theerawat) ဟာ ထွက်ပြေးသွားခဲ့ပြီး ရဲက စစ်ဆေးဖို့ ခေါ်တဲ့အခါမှာလည်း မအားသေးကြောင်း ငြင်းဆိုထားပါတယ်။
သူနာပြုအမျိုးသမီးဟာ အစားအသောက်ထဲမှာ တစ်ခုခု ထည့်ထားမှာ စိုးရိမ်တာကြောင့် သူမမှာထားတဲ့ အစားအသောက်တွေကို မစားတော့ဘဲ လွှင့်ပစ်ခဲ့ပါတယ်။
Source;Thaiger
