ဖြစ်စဉ်မှာ လေယာဉ်အမှတ် AIQ 4401 သည် လေဆိပ်မှ စတင်ထွက်ခွာရန် ပြင်ဆင်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
အသက် ၄၆ နှစ်နှင့် ၄၃ နှစ်အရွယ်ရှိ ထိုင်းလင်မယားနှစ်ဦးသည် လေယာဉ်အတွင်းရှိ ခရီးဆောင်အိတ်တင်သည့်နေရာ (Overhead compartment) တွင် အိတ်ထည့်ရန် ကူညီပေးနေသော လေယာဉ်အမှုထမ်းကို “ဗုံးပါသဖြင့် သတိထားရန်” သတိပေးသလိုမျိုး နောက်ပြောင်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လေယာဉ်အမှုထမ်းက ယင်းအကြောင်းကို လေယာဉ်မှူးထံ ချက်ချင်းအကြောင်းကြားခဲ့ပြီးနောက် လေယာဉ်ကို သီးသန့်နေရာသို့ ရွှေ့ပြောင်းကာ ခရီးသည်အားလုံးနှင့် ကုန်ပစ္စည်းအားလုံးကို ပြန်လည်ချခိုင်းပြီး အသေးစိတ် စစ်ဆေးခဲ့ရပါတယ်။
လေယာဉ်အား စစ်ဆေးမှုများ ည ၈ နာရီတွင် ပြီးစီးခဲ့ပြီး ည ၉ နာရီခန့်မှသာ ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၄ နာရီနှင့် ၁၅ မိနစ် ကြန့်ကြာခဲ့ပြီး မည်သည့်ပေါက်ကွဲစေတတ်သော ပစ္စည်းမျှ မတွေ့ရှိခဲ့ရပါဘူး။အဆိုပါ လင်မယားနှစ်ဦးအား ကရာဘီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး “ကြောက်ရွံ့ထိတ်လန့်စေရန် မဟုတ်မမှန် ပြောဆိုခြင်း”၊ “လေကြောင်းဘေးကင်းလုံခြုံရေးကို ထိခိုက်စေခြင်း” နှင့် “လေကြောင်းလိုင်းနှင့် အခြားခရီးသည်များကို ထိခိုက်နစ်နာစေခြင်း” စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားပါတယ်။
၎င်းတို့နှစ်ဦးသည် လူပေါင်း ၃၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့နှင့်အတူ ဘန်ကောက်သို့ ပြန်ရန် လာရောက်ကြသူများ ဖြစ်ပါတယ်။
Source; Bangkok Post
