ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊ ဆာရာဘူရီ (Saraburi) ခရိုင်ရှိ Pongsiri ဈေးတွင် ကျင်းပနေသည့် ဝမ်လိုင်သင်္ကြန် (Wan Lai Songkran) ပွဲတော်၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် (ကြာသပတေးနေ့) ညနေပိုင်းတွင် နာမည်ကြီး တေးဂီတအဖွဲ့များဖြစ်သည့် Polycat၊ Paradox နှင့် Potato တို့ ဖျော်ဖြေရန် ရှိနေသဖြင့် ညနေ ၄ နာရီခန့်မှစ၍ လူငယ်အများအပြား လာရောက်စောင့်ဆိုင်းနေစဉ် မုန်တိုင်းဝင်ရောက်ပြီး အမိုးအကာနှင့် ဆိုင်းဘုတ်တည်ဆောက်ပုံများ ပြိုကျခဲ့ခြင်း ဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ စုစုပေါင်း ၁၁ ဦး (အမျိုးသမီး ၆ ဦး၊ အမျိုးသား ၅ ဦး) ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ လျှပ်စစ်ဓာတ်လိုက်မှုကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါတယ်။ ဖျော်ဖြေပွဲစောင့်ဆိုင်းနေသူများဖြင့် ပြည့်နှက်နေသည့် အဝင်ဆိုင်ဘုတ် အနီးသို့ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီးနောက် ဆိုင်းဘုတ်ကြီး ပြိုကျကာ အနီးရှိ ဈေးဆိုင်တန်းများနှင့် လူများကို ဖိမိခဲ့ခြင်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်သူများကို ဆာရာဘူရီဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပွဲစီစဉ်သူများကို ဆင့်ခေါ်စစ်ဆေးခဲ့ပြီး ဘေးကင်းလုံခြုံရေးကို အထူးတင်းကြပ်ရန် ညွှန်ကြားခဲ့ပါတယ်။ ပွဲကို ဆက်လက်ကျင်းပခွင့် ပြုသော်လည်း နောက်ထပ် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်ပါက ပွဲစီစဉ်သူများက အပြည့်အဝ တာဝန်ယူရမည်ဟု သတိပေးထားပါတယ်။
လက်ရှိတွင် အဆိုပါ ဆိုင်းဘုတ်တည်ဆောက်ပုံ၏ ကြံ့ခိုင်မှု စံချိန်စံညွှန်းများနှင့် မိုးလေဝသအခြေအနေအပေါ် ကြိုတင်ကာကွယ်မှု အားနည်းချက် ရှိ၊ မရှိကို တာဝန်ရှိသူများက စစ်ဆေးနေပါတယ်။
Source; The Nation
#Mingalarnews #SaraburiStorm2026 #WanLaiSongkran #AccidentAtConcert #ThaiWeatherAlert #PublicSafety
