ယနေ့တွင် ထိုင်းနိုင်ငံအထက်ပိုင်း၌ မိုးရွာသွန်းမှု အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း နေရာကွက်ကျား မိုးသက်လေပြင်းများ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ တစ်နေ့တာအတွင်း အပူချိန်များ ပြန်လည်မြင့်တက်လာပြီး မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အလွန်ပူပြင်းသော ရာသီဥတု ဖြစ်ပေါ်နိုင်ပါတယ်။
📍 ဒေသအလိုက် ခန့်မှန်းချက်များ
ဘန်ကောက်နှင့် ပတ်ဝန်းကျင်တွင် နေရာကွက်ကျား မိုး (၂၀%) နှင့် လေပြင်းများ တိုက်ခတ်နိုင်သည်။
မြောက်ပိုင်းတွင် နေ့ဘက်တွင် အလွန်ပူမည်၊ ၁၀% တွင် မိုးရွာနိုင် (ချင်းမိုင်၊ ချင်းရိုင်)ပါသည်။
အလယ်ပိုင်းတွင် အလွန်ပူပြင်းမည်၊ ၁၀% တွင် မိုးရွာနိုင် (ကန်ချနာဘူရီ၊ အယုဒ္ဓယ)ပါသည်။
အရှေ့ပိုင်းတွင် မိုးပိုများမည် (၂၀%)၊ လေပြင်းတိုက်နိုင် (ချွန်ဘူရီ၊ ရယောင်း)ပါသည်။
တောင်ပိုင်းတွင် မိုးရွာသွန်းမှု ၃၀% ရှိမည် (ဖူးခက်၊ စူရတ်ဌာနီ၊ ကရာဘီ)
အရှေ့မြောက်ပိုင်း (အီးဆန်း)တွင် နေ့ဘက်တွင် ပူမည်၊ ၁၀% တွင် မိုးရွာနိုင် (ခွန်ကန်၊ ကာလာစင်)သည်။

⚠️ အထူးသတိပြုရန် အချက်များ
၁။ ကျန်းမာရေး: အပူချိန် မြင့်တက်လာခြင်းကြောင့် အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်ပါ။
၂။ မိုးသက်လေပြင်း: မိုးရွာသွန်းချိန်တွင် လေပြင်းတိုက်ခတ်တတ်သဖြင့် ခိုင်ခံ့မှုမရှိသော အဆောက်အဦးများနှင့် သစ်ပင်ကြီးများအနီးတွင် မနေထိုင်ကြပါရန်။
၃။ ပင်လယ်ခရီးစဉ်: တောင်ပိုင်းနှင့် အရှေ့ပိုင်း ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁ မီတာခန့်ရှိသော်လည်း မိုးသက်လေပြင်းကျရောက်ချိန်တွင် လှိုင်းအမြင့် ၂ မီတာကျော် အထိ ရှိနိုင်သဖြင့် လှေငယ်များ သတိထားရန် လိုအပ်ပါတယ်။
၄။ လေထုအရည်အသွေး: မိုးရွာသွန်းမှုကြောင့် ဖုန်မှုန့် (Dust levels) များမှာ ကောင်းမွန်သည့်အဆင့်တွင် ရှိနေမည်ဟု ခန့်မှန်းထားပါတယ်။
Source;The Nation
