ဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား ခံဝန်ဖြင့် လွှတ်ပေးရန် ဆုံးဖြတ်ချက်ကို တရားရေးဝန်ကြီး ကာကွယ်ပြောဆို

ထက်ဆင်အား ခံဝန်ဖြင့် လွှတ်ပေးမည့်အစီအစဉ်အပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိနေသော်လည်း တရားရေးဝန်ကြီး Pol Lt Gen Rutthapon Naowarat က ဤဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ခံဝန်လျှော့ရက် စိစစ်ရေးကော်မတီ၏ သေချာစွာ စစ်ဆေးမှုအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း အာမခံခဲ့ပါတယ်။

ထက်ဆင်ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် တွင် လွှတ်ပေးရန် စီစဉ်ထားပါတယ်။ပြန်လည်လွတ်မြောက်လာချိန်တွင် ခြေချုပ် (Electronic Monitoring Bracelet) ဝတ်ဆင်ထားရမည်ဖြစ်ပြီး၊ တရားရုံး၏ ခွင့်ပြုချက်မပါဘဲ ပြည်ပသို့ ထွက်ခွာခွင့် ရှိမည်မဟုတ်ပါ။

ခံဝန်ချက်ဖြင့် လွတ်မြောက်လာသူများအတွက် နိုင်ငံရေးအရ ထုတ်ဖော်ပြောဆိုမှုများကို တားမြစ်ထားခြင်း မရှိကြောင်း ဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Dr. Tul Sittisomwong က သပ်ဆင်သည် အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များအရ “အကျင့်စာရိတ္တကောင်းမွန်သော အကျဉ်းသား” အဆင့်အတန်းနှင့် မကိုက်ညီကြောင်းဆိုကာ ကန့်ကွက်လွှာ တင်သွင်းထားပါတယ်။အသက်အရွယ်ကြောင့် အထူးသက်ညှာမှုပေးသည်ဆိုသော အချက်မှာ သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Source;Bangkok Post