Moody’s က ထိုင်းစီးပွားရေး၏ ခိုင်မာမှုကို အကောင်းမြင်ကြောင်း ထုတ်ပြန်

မကြာသေးမီက ထွက်ပေါ်လာတဲ့ Moody’s ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စီးပွားရေးမူဝါဒတွေ ပိုမိုခိုင်မာလာပြီး ပြင်ပဒဏ်တွေကို ခုခံနိုင်စွမ်း (Resilience) ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

Moody’s က ထိုင်းနိုင်ငံကို မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ မက္ကဆီကို နိုင်ငံတွေနဲ့အတူ ကြံ့ကြံ့ခံနိုင်ရည်အရှိဆုံး အုပ်စုထဲမှာ ထည့်သွင်းထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ကမ္ဘာ့အတိုးနှုန်းမြင့်တက်မှု၊ ဘဏ်လုပ်ငန်းကဏ္ဍ ဖိအားတွေနဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ ရှိခဲ့ပေမဲ့လည်း ဒီနိုင်ငံတွေဟာ ဈေးကွက်ယုံကြည်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ 

* ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်သည့် မူဝါဒများ (Inflation Targeting)။ * နိုင်ငံခြားငွေလဲလှယ်နှုန်းကို လိုအပ်သလို ပြောင်းလွယ်ပြင်လွယ်ရှိစေခြင်း။ * အစိုးရကြွေးမြီ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာခြင်း။ * ပြည်တွင်း ငွေကြေးဈေးကွက် ပိုမိုကျယ်ပြန့်ခိုင်မာလာခြင်း။ ငွေလဲလှယ်နှုန်းနဲ့ ငွေတိုက်စာချုပ် အတိုးနှုန်းတွေက ကမ္ဘာ့စီးပွားရေး အခြေအနေအရ အတက်အကျရှိနေပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေးစီမံခန့်ခွဲမှုအပေါ် ဆက်လက်ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

Source; Bangkok Post