ခရီးသွားရဲတပ်ဖွဲ့ (Tourist Police) ဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ အဆိုပါအဖွဲ့ဟာ လက်ရှိ ထိုင်းပရိသတ်တွေကြားမှာပါ ခေတ်စားနေတဲ့ ဇာတ်လမ်းတို (Short-form drama) အမျိုးအစားကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။
အဖမ်းခံရသူတွေထဲက ဝေ (Wei) အမည်ရှိသူက ချင်းမိုင်မြို့ဟာ တရုတ်နိုင်ငံသားတွေကြားမှာ အရမ်းနာမည်ကြီးတဲ့အတွက် ရိုက်ကူးရေးနေရာအဖြစ် ရွေးချယ်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။ ၎င်းတို့ ၈ ဦးစလုံးဟာ ကမ္ဘာလှည့်ခရီးသွားဗီဇာ (Tourist Visa) နဲ့ ဝင်ရောက်လာသူတွေဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိကြသလို၊ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်နှင့် ဗီဒီယိုအက်ဥပဒေအရ လိုအပ်တဲ့ ခွင့်ပြုချက်တွေကိုလည်း တင်ပြထားခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးလုပ်မယ်ဆိုရင် နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်မှု ရှိ၊ မရှိနဲ့ သတင်းအချက်အလက် မှားယွင်းမှု ရှိ၊ မရှိဆိုတာတွေကို သက်ဆိုင်ရာဌာနတွေက ဇာတ်ညွှန်းကို ကြိုတင်စစ်ဆေးရလေ့ ရှိပါတယ်။ ဒီဥပဒေကို ချိုးဖောက်ရင် ဒဏ်ငွေ ဘတ် ၁ သန်းအထိ ချမှတ်ခံရနိုင်ပါတယ်။

လက်ရှိတွင် ၎င်းတို့ကို အောက်ပါပုဒ်မများဖြင့် အရေးယူထားပါတယ် –
▪️ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှု: ဒဏ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ ဘတ်အထိ ကျခံရနိုင်သည့်အပြင်၊
▪️ပြည်နှင်ဒဏ် (Deportation): ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပြီး ၂ နှစ်အတွင်း အလုပ်လုပ်ကိုင်ခွင့် ထပ်မံလျှောက်ထားခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
Source;Thaiger
