တစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိခဲ့သော်လည်း ယခုအပတ်အတွင်း ပါရှန်းပင်လယ်ကွေ့တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေပါတယ်။
CIA ၏ အကဲဖြတ်ချက်အရ အီရန်နိုင်ငံသည် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို နောက်ထပ် ၄ လခန့်အထိ ခံနိုင်ရည်ရှိနေသေးကြောင်း သိရပါတယ်။ ၎င်းအချက်က အီရန်ကို ဆွေးနွေးပွဲစားပွဲပေါ်သို့ရောက်အောင် ဖိအားပေးနေသည့် အမေရိကန်၏ အခြေအနေကို ပိုမိုခက်ခဲစေပါတယ်။ ယူအေအီး (UAE) နိုင်ငံက အီရန်ဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည် ၂ စင်းနှင့် ဒရုန်း ၃ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သော်လည်း လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားတွင်လည်း အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား ပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးရနိုင်ခြေရှိသည်ဟု ဆိုသော်လည်း အီရန်ဘက်က သဘောတူညီချက်ကို ငြင်းဆန်ပါက ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်သည် အီရန်၏ ဒရုန်းထုတ်လုပ်ရေးတွင် ကူညီနေသည့် တရုတ်နှင့် ဟောင်ကောင်မှ ကုမ္ပဏီများအပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၀ ခုကို ထပ်မံ၍ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
မတည်ငြိမ်မှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားခဲ့သည့် Brent ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၁၀၀ ဒေါ်လာအထက်သို့ ပြန်လည်မြင့်တက် သွားခဲ့ပါတယ်။ ၎င်းသည် ကမ္ဘာ့ရေနံလိုအပ်ချက်၏ ၅ ပုံ ၁ ပုံခန့်ကို တင်ပို့နေသည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအပေါ် ဈေးကွက်က စိုးရိမ်နေခြင်းကို ပြသနေပါတယ်။
Source;The Nation
