ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကမ္ဘာ့ထိပ်တန်း ပြင်သစ်ကုမ္ပဏီကြီး ၅ ခုမှ အဆင့်မြင့်အမှုဆောင်များနှင့် တွေ့ဆုံပြီး ထိုင်းနိုင်ငံ၏ အနာဂတ်စက်မှုကဏ္ဍတွင် တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။
ဒစ်ဂျစ်တယ်လေကြောင်းစနစ်အတွက် ပြင်သစ်ပြင်ပ အဓိကဗဟိုချက်အဖြစ် ထိုင်းနိုင်ငံကို အသုံးပြုမည်ဖြစ်ပြီး ထိုင်းအင်ဂျင်နီယာဦးရေကို ၂၀၀ ကျော်အထိ တိုးမြှင့်ခန့်အပ်ရန် စီစဉ်နေသည်။လျှပ်စစ်ကား (EV) ဘက်ထရီထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် အဆင့်မြင့်ကာဗွန်ပစ္စည်းများ ထိုင်းနိုင်ငံအတွင်း လာရောက်ထုတ်လုပ်ရန် ဆွေးနွေးခဲ့သည်။

ဓာတ်ပုံရိုက်ခြင်း၊ ဘာသာပြန်ခြင်းနှင့် အသံဖြင့်ခိုင်းစေနိုင်ခြင်းတို့ ပြုလုပ်နိုင်မည့် AI စမတ်မျက်မှန်များ ကို ထိုင်းနိုင်ငံတွင် တိုးချဲ့ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။မျိုးဆက်သစ် ဒစ်ဂျစ်တယ် ID နှင့် ဇီဝအချက်အလက် (Biometric) စနစ်များ ထိုင်းအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံကို CLMV ဒေသတွင်း ဗဟိုချက်ဖြစ်စေရန် ကမ်းလှမ်းခဲ့သည်။
ထိုင်းနိုင်ငံ၏ အမျိုးသားအဆင့် ဆိုက်ဘာလုံခြုံရေး (Cybersecurity) အခြေခံအဆောက်အအုံများ ပူးပေါင်းတည်ဆောက်ရန် ကမ်းလှမ်းဆွေးနွေးခဲ့သည်။ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) အပါအဝင် သက်ဆိုင်ရာဌာနများအနေဖြင့် အဆိုပါ ပြင်သစ်နည်းပညာမြင့် ကုမ္ပဏီကြီးများ ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို အပြည့်အဝ အဆင်ပြေချောမွေ့အောင် ပံ့ပိုးကူညီသွားမည်ဟု ဝန်ကြီးချုပ်က အတည်ပြုခဲ့ပါတယ်။
Source;Thairath
