ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ တွင် ကျရောက်မည့် Pride Month (လိင်စိတ်ခံယူမှုကွဲပြားသူများ အခွင့်အရေးနှင့် ဂုဏ်ယူမှုလ) အထိမ်းအမှတ် ရောင်စုံပွဲတော်နှင့် စီတန်းလှည့်လည်ပွဲ (Pride Parade) များကို “Patch the World with Pride”ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးရှိ အဓိက ခရီးသွားနေရာများ၌ အောက်ပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါတယ်။
ဘန်ကောက်မြို့၏ အကြီးကျယ်ဆုံးပွဲဖြစ်သည့် Bangkok Pride Festival 2026 ကို မေလ ၃၁ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီမှ ည ၁၀ နာရီအထိ ကျင်းပမည် ဖြစ်သည်။
▪️လှည့်လည်မည့်လမ်းကြောင်း: ရောင်စုံအဖွဲ့ ၆ ဖွဲ့သည် ဆီလုံလမ်း (Silom Road) နှင့် Siam Paragon ရှေ့ အပါအဝင် သတ်မှတ်ထားသော ဗဟိုလမ်းမကြီးများမှတစ်ဆင့် သေဖဟာဆာဒင် အားကစားကွင်း (Thephasadin Stadium) သို့ ဦးတည်ချီတက်ကြမည်။
▪️ပွဲတော် highlight: မီတာ ၅၀၀ ကျော်ရှည်သည့် ဧရာမ သက်တံရောင်အလံကြီး ပြသခြင်း၊ Drag Bangkok ရှိုးများနှင့် ညပိုင်းတွင် ထိုင်းရိုးရာ မော်လမ် (Mor Lam) ကပွဲကြီးဖြင့် စည်ကားစွာ ပိတ်သိမ်းမည်ဖြစ်သည်။
ဇွန်လတစ်လလုံးတွင် ဘန်ကောက်အပြင် အခြားသော ကမ္ဘာလှည့်ခရီးသွား ခရိုင်ကြီးများ၌လည်း ပွဲတော်များကို အောက်ပါအတိုင်း ခွဲေဝကျင်းပသွားမည် ဖြစ်သည်။
▪️ဖူးခက် (Phuket):
🔸မေ ၂၉ – ၃၁၊ ဇွန် ၇: ပါတောင်းကမ်းခြေ (Patong Beach) အနီးတွင် ပင်မ စီတန်းလှည့်လည်ပွဲကြီး ကျင်းပမည်။
🔸ဇွန် ၄ – ၅: Simon Cabaret နှင့် Jungceylon ရှော့ပင်းမောလ်များ၌ ကျင်းပမည်။
▪️ပတ္တရား (Pattaya):
🔸ဇွန် ၁၉ – ၂၁: The Zign Hotel ၌ Circuit Festival Asia 2026 ပါတီပွဲကြီး ကျင်းပမည်။
🔸ဇွန် ၂၆ – ၂၈: ပတ္တရားကမ်းခြေလမ်း (Pattaya Beach Road) တစ်လျှောက် နိုင်ငံတကာ Pride ပွဲတော်ကြီး ကျင်းပမည်။
▪️အယုဒ္ဓယ (Ayutthaya): ဇွန် ၁၃ (ညနေ ၄ နာရီ) တွင် မြူနီစီပယ်ရှေ့၌ လှည့်လည်ပွဲ ပြုလုပ်မည်။
▪️ကိုရတ် (Nakhon Ratchasima): ဇွန် ၆ – ၇ တွင် The Mall Korat ရှော့ပင်းမောလ်၌ ကျင်းပမည်။
▪️ဟတ်ယိုင် (Hat Yai): ဇွန် ၂block၇ – ၂၈ တွင် Diana Cineplex ၌ ကျင်းပမည်။
ဇွန်လအတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း (Tourism) နှင့် ဟိုတယ်၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးကဏ္ဍများ အလွန်စီးပွားရေး တွက်ခြေကိုက်မည့် ကာလဖြစ်သည်။
ဒစ်ဂျစ်တယ်မားကတ်တင်းနှင့် အွန်လိုင်းအကြောင်းအရာ ဖန်တီးသူများ (Content Creators) အနေဖြင့် ဤပွဲတော်များ၏ သက်တံရောင် (Rainbow Theme) နှင့် ပျော်ရွှင်စရာပုံရိပ်များကို အသုံးပြု၍ မိမိတို့ Brand များ၏ အွန်လိုင်း Reach ကို မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
Source;The Nation
