ထိုင်းတွင် Gen Z လူငယ် ၄ သန်းကျော် အွန်လိုင်းလောင်းကစားထဲ ရောက်ရှိနေ၊ ဝက်ဘ်ဆိုက် ၇ သိန်းကျော်ကို ရဲတပ်ဖွဲ့ ပိတ်ဆို့

ထိုင်းနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြားရှိ Gen Z လူငယ် ၄ သန်းကျော် သည် ၂၀၂၆ ခုနှစ်အစောပိုင်းအထိ အွန်လိုင်းလောင်းကစားဂိုဏ်းများ၏ သားကောင်ဖြစ်နေပြီး၊ အာဏာပိုင်များက လောင်းကစားလင့်ခ်နှင့် ဝက်ဘ်ဆိုက်ပေါင်း ၇၁၇,၄၂၅ ခု ကို အရှိန်အဟုန်မြှင့် ပိတ်ဆို့နှိမ်နင်းထားပါတယ်။

လောင်းကစားဂိုဏ်းများသည် စီးပွားရေးကျပ်တည်းမှုကို အခွင့်ကောင်းယူကာ လျင်မြန်စွာ ချမ်းသာနိုင်သည်ဟု ဆွဲဆောင်ရန် Influencer များ၊ Live လွှင့်ခြင်းများနှင့် TikTok ကဲ့သို့ Short-form ဗီဒီယိုများမှတစ်ဆင့် ကြော်ငြာများကို ပုံစံပြောင်းကာ ချဉ်းကပ်လာကြသည်။

လာမည့် ၂၀၂၆ ဇွန်လ ကမ္ဘာ့ဖလား (World Cup) တွင် အွန်လိုင်းဘောလုံးပွဲလောင်းကစားမှုများကို နှိမ်နင်းရန် AI နည်းပညာသုံး၍ ဝက်ဘ်ဆိုက်များကို ရှာဖွေပိတ်ဆို့သွားမည်ဖြစ်သည်။ လောင်းကစားလင့်ခ် မျှဝေသူ သို့မဟုတ် ကြော်ငြာပေးသူများကိုလည်း ပြင်းထန်စွာ ဖမ်းဆီးအရေးယူမည်ဖြစ်သည်။

ဆေးဘက်ဆိုင်ရာအရ လောင်းကစားစွဲလမ်းခြင်းသည် စိတ်ကျန်းမာရေးချို့ယွင်းမှုတစ်ခုဖြစ်ပြီး ကလေးများ လိမ်ပြောခြင်း၊ ငွေခဏခဏချေးခြင်း၊ အထီးကျန်ဆန်လာခြင်းများ ရှိ၊ မရှိကို မိဘများအနေဖြင့် သတိပြုစောင့်ကြည့်ကာ ၎င်းတို့၏ ငွေပေးချေမှုဖြတ်ပိုင်းများကို စစ်ဆေးရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် Social Media Content ဖန်တီးနေသူများနှင့် မားကတ်တင်းသမားများအနေဖြင့် လောင်းကစားဝက်ဘ်ဆိုက်များ၏ ငွေကြေးအမြောက်အမြားပေး၍ ကြော်ငြာခိုင်းခြင်း၊ ဗီဒီယိုများတွင် လင့်ခ်ညှပ်ခိုင်းခြင်းများကို အထူးရှောင်ကြဉ်ရပါမည်ဗျာ။ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က AI စနစ်ဖြင့်ပါ စောင့်ကြည့်ဖမ်းဆီးနေသောကြောင့် ဥပဒေကြောင်းအရ ထောင်ဒဏ်/ဒဏ်ငွေ ကြီးမားစွာ ကျခံရနိုင်ပါတယ်။

Source;The Nation