ထိုင်းနိုင်ငံ၊ မိဖုရားကြီး ၏ သက်တော် ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တော်ဝင်ပြပွဲကို ဝန်ကြီးချုပ် အနုတင် ဖွင့်လှစ်ပေးခဲ့

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် (ယနေ့) တွင် ကျရောက်သည့် မိဖုရားကြီး ၏ သက်တော် ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စယမ်ပါရဂွန် (Siam Paragon) ဈေးဝယ်စင်တာတွင် ပြုလုပ်သည့် တော်ဝင်ဂုဏ်ပြုပြပွဲ ဖွင့်ပွဲအခမ်းအနားကို သဘာပတိအဖြစ် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် အနုတင်သည် ၎င်း၏ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး မိဖုရားကြီးအနေဖြင့် ဘုရင်မင်းမြတ်နှင့်အတူ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့မှုများ၊ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် ထိုင်းနိုင်ငံ၏ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့မှုများကို အလေးအနက် ဂုဏ်ပြုချီးမွမ်း စကားပြောကြားခဲ့သည်။

ဖွင့်ပွဲတွင် မိဖုရားကြီးကို ဂုဏ်ပြုသည့် ထိုင်းရိုးရာကပွဲ ဖျော်ဖြေမှုများ၊ ဖဲကြိုးဖြတ် အခမ်းအနားများ ပါဝင်ခဲ့သည့်အပြင် တော်ဝင်ထိုင်းရိုးရာ ဝတ်စုံဒီဇိုင်း ၈ စုံကို ပြသသည့် ဖက်ရှင်ရှိုးနှင့် ထိုင်းရိုးရာ လက်မှုအနုပညာ သရုပ်ပြပွဲများကိုပါ ဝန်ကြီးချုပ်က လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါတော်ဝင်ပြပွဲကို ဇွန်လ ၂ ရက်မှ ၇ ရက်နေ့အထိ စယမ်ပါရဂွန် (Siam Paragon) ၏ ပထမထပ် Fashion Hall တွင် ကျင်းပနေခြင်းဖြစ်ပြီး၊ မိဖုရားကြီး၏ ကိုယ်ရေးရာဇဝင်၊ တော်ဝင်တာဝန် ထမ်းဆောင်မှုများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အများပြည်သူ လေ့လာနိုင်ရန် ခင်းကျင်းပြသထားသည်။

Source;NBT World