ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်Tak ပြည်နယ်၊ Phop Phra မြို့နယ်ရှိ ပြောင်းစိုက်ခင်းတစ်ခုအတွင်းသို့ မည်သည့်အဖွဲ့အစည်းမှန်း မသိရသေးသည့် အသေခံဒရုန်း တစ်စင်း နယ်စပ်မျဉ်းမှ မီတာ ၂၀၀ ခန့်အကွာ ထိုင်းပိုင်နက်ထဲသို့ ပျက်ကျပေါက်ကွဲခဲ့မှု ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပါတယ်။
ဖုတ်ဖရရဲစခန်းမှ ရဲမှူးကြီး Anusorn Dankong နှင့် စစ်တပ်၊ မိုင်းရှင်းလင်းရေးအဖွဲ့ (EOD) တို့ သွားရောက်စစ်ဆေးရာ ဒရုန်းသည် မြေကြီးထဲသို့ 𪚥စိုက်လျက် ပျက်ကျပေါက်ကွဲထားကြောင်း တွေ့ရသည်။ ပေါက်ကွဲမှုကြောင့် ၅ မီတာပတ်လည်အတွင်းရှိ ပြောင်းပင်များ ပြားပြားဝပ်သွားပြီး၊ မြေပြင်တွင် ၁၀ စင်တီမီတာခန့် နက်သည့် ကျင်းတစ်ခု ဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အဆိုပါပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်း မရှိခဲ့ပေ။
လက်ရှိတွင် အာဏာပိုင်များက အခင်းဖြစ်ပွားရာနေရာကို ဝိုင်းရံပိတ်ဆို့ထားပြီး ဒရုန်းအစိတ္တအပိုင်းအစများကို သက်သေအဖြစ် သိမ်းဆည်းကာ မြေပုံကြမ်းရေးဆွဲထားသည်။
ထိုင်းစစ်တပ်အနေဖြင့် နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် ကင်းလှည့်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့်လုပ်ဆောင်နေပြီး၊ ဒေသခံပြည်သူများအနေဖြင့်လည်း နယ်စပ်အနီးတွင် ထူးဆန်းသော မသင်္ကာဖွယ်ပစ္စည်းများ သို့မဟုတ် လက်နက်ခဲယမ်းများ တွေ့ရှိပါက အနားသို့မကပ်ဘဲ သက်ဆိုင်ရာအာဏာပိုင်များထံ ချက်ချင်းအကြောင်းကြားကြရန် သတိပေးနှိုးဆော်ထားပါတယ်။
Source;Thairath
