မိမိကိုယ်ကိုယ် ကျန်းမာတယ်လို့ ထင်ရပေမဲ့ လည်ပင်းနဲ့ ဦးနှောက်သွေးကြောတွေထဲမှာ အဆီခဲနဲ့ အနယ်အနှစ်တွေ တိတ်တဆိတ် စုပုံကျဉ်းမြောင်းနေတာကို ကြိုတင်မသိရှိကြရာကနေ လေဖြတ်ခြင်း ဝေဒနာကို ရုတ်တရက် ခံစားရတတ်ပါတယ်။ ဒါကြောင့် ဘာလက္ခဏာမှမပြခင်မှာ လေဖြတ်နိုင်ခြေ အန္တရာယ်ကို ကြိုတင်ဆန်းစစ်ပြီး အချိန်မီ ကာကွယ်နိုင်မယ့် ခေတ်မီရောဂါရှာဖွေစစ်ဆေးနည်း (၂) မျိုးအကြောင်းကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။ 🩺
🔬 လေဖြတ်နိုင်ခြေကို ကြိုတင်ဆန်းစစ်ပေးမည့် နည်းပညာ (၂) မျိုး
၁။ လည်ပင်းသွေးလွတ်ကြော အာထရာဆောင်း (Carotid Doppler Ultrasonography)
နှလုံးကနေ ဦးနှောက်ဆီ သွေးပို့ဆောင်ပေးတဲ့ လည်ပင်းက အဓိကသွေးကြောကြီးတွေကို စစ်ဆေးတာ ဖြစ်ပါတယ်။ သွေးကြောနံရံတွေမှာ အဆီခဲ၊ အနယ်အနှစ်တွေ စုပုံပြီး သွေးကြောကျဉ်းနေသလား၊ ဦးနှောက်ဆီ သွေးစီးဆင်းမှု လုံလောက်ရဲ့လားဆိုတာကို အသေးစိတ် ဆန်းစစ်ပေးပါတယ်။
၂။ ဦးနှောက်သွေးကြောအာထရာဆောင်း (Transcranial Doppler Ultrasonography – TCD)
လည်ပင်းကနေတစ်ဆင့် ဦးနှောက်အတွင်းပိုင်းအထိ ဆက်လက်ဝင်ရောက်သွားတဲ့ အဓိကသွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ဆန်းစစ်ပေးပါတယ်။ ဦးနှောက်အတွင်းပိုင်း သွေးကြောကျဉ်းတာ၊ ပိတ်ဆို့တာနဲ့ ပုံမှန်မဟုတ်တဲ့ သွေးစီးကြောင်းတွေကို ကောင်းမွန်စွာ ရှာဖွေနိုင်ပါတယ်။
✨ ဒီစစ်ဆေးမှု (၂) ခုလုံးကို ပူးတွဲလုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများ
🎯 တိကျသေချာမှု မြင့်မားခြင်း: ရောဂါရှာဖွေစစ်ဆေးမှု တိကျသေချာမှု ရာခိုင်နှုန်းအားဖြင့် ၉၀% မှ ၉၈% အထိ ရှိပါတယ်။
🛡 နာကျင်မှုမရှိ၊ ဘေးကင်းခြင်း: ခန္ဓာကိုယ်အတွင်း ကိရိယာထည့်သွင်းရန် မလိုသလို၊ ဓာတ်မှန်ဆိုးဆေး သုံးရန်လည်း မလိုပါ။
⏱️ အချိန်တိုအတွင်း သိရှိနိုင်ခြင်း: ၁၅ မိနစ်မှ ၂၀ မိနစ်ခန့်သာ ကြာမြင့်ပြီး အဖြေကို ချက်ချင်းသိရှိနိုင်ပါတယ်။
🌐 ဘက်စုံပြည့်စုံခြင်း: လည်ပင်းကနေ ဦးနှောက်အတွင်းပိုင်းအထိ သွေးစီးဆင်းမှုတစ်ခုလုံးကို ဆရာဝန်များက ဘက်စုံမြင်တွေ့ဆန်းစစ်နိုင်ပြီး ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေကို စနစ်တကျ ချမှတ်ပေးနိုင်ပါတယ်။
⚠️ ဘယ်လိုလူတွေ မဖြစ်မနေ ကြိုတင်စစ်ဆေးသင့်သလဲ။
🔹အသက် ၄၀ နှစ်နှင့်အထက် ရှိသူများ။
🔹ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်မြင့်မားခြင်း သို့မဟုတ် ကိုယ်အလေးချိန်လွန်ကဲသူများ။
🔹ဆေးလိပ် သို့မဟုတ် အရက်ကို ပုံမှန်သောက်သုံးလေ့ရှိသူများ။
🔹မိသားစုမျိုးရိုးထဲတွင် နှလုံးသွေးလွှတ်ကြောကျဉ်းရောဂါ သို့မဟုတ် လေဖြတ်ဖူးသူရှိခြင်း။
💡 ကျန်းမာရေးသဝဏ်လွှာ
မိမိရဲ့ မိဘဘိုးဘွားတွေနဲ့ ချစ်ခင်ရသူတွေကို လေဖြတ်ခြင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် ဦးနှောက်နှင့်အာရုံကြောအထူးကုဌာန မှာ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများနဲ့ အခုပဲ ပြသတိုင်ပင် စစ်ဆေးနိုင်ပါတယ်။
အသက်အန္တရာယ်ကို အချိန်မရွေး ခြိမ်းခြောက်နိုင်တဲ့ လေဖြတ်ခြင်းဘေးကနေ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ ကြိုတင်ကာကွယ်နိုင်ဖို့ ဒီ Post လေးကို Share ပြီး သတင်းကောင်းပါးလိုက်ပါဦး ❤️
အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊ 𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်:
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏
𝐒𝐨𝐮𝐫𝐜𝐞;𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
