ကမ္ဘာ့အကောင်းဆုံးမြို့များစာရင်းတွင် ချင်းမိုင်မြို့ ကမ္ဘာ့အဆင့် ၃ ရရှိ၊ SIEM REAP နှင့် TOKYOများကို ကျော်ဖြတ်
ထိုင်းနိုင်ငံမြောက်ပိုင်း၏ အသည်းနှလုံးဖြစ်သော ချင်းမိုင် (Chiang Mai) မြို့သည် ကမ္ဘာကျော် အမေရိကန်ခရီးသွားမဂ္ဂဇင်း တစ်ခုဖြစ်သည့် Travel + Leisure ၏ “၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆု” (World’s Best Awards 2026) တွင် ကမ္ဘာ့တတိယမြောက် အကောင်းဆုံးမြို့ အဖြစ် ရွေးချယ်ခြင်းခံရပြီး နိုင်ငံတကာခရီးသွားကဏ္ဍတွင် ထိုင်းနိုင်ငံအတွက် ဂုဏ်ယူစရာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
အဆိုပါ အဆင့်သတ်မှတ်ချက်ကို ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ အပန်းဖြေစခန်းနှင့် မြို့ပေါင်းများစွာအပေါ် ခရီးသွားပရိသတ် ၂ သိန်း ၇ ထောင်ကျော်၏ မဲပေးရွေးချယ်မှုပေါင်း ၆ သိန်း ၆ သောင်းကျော်ကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။
ချင်းမိုင်မြို့သည် ကမ္ဘာ့အဆင့် ၃ ရရှိခဲ့သည့်အပြင် အာရှတိုက်တွင် ဂျပန်နိုင်ငံ ကျိုတိုမြို့၏ နောက်၌ တည်ရှိကာ အဆင့် ၂ နေရာကို ဆွတ်ခူးခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၊ ကမ္ဘောဒီးယားမှSIEM REAP နှင့် TOKYO ကိုပါ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
🏆 ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးမြို့ကြီး ၁၀ မြို့ စာရင်း
1.San Miguel de Allende, Mexico — 93.07
2. Kyoto, Japan — 92.02
3. Chiang Mai, Thailand — 91.88
4. Hoi An, Vietnam — 91.81
5. Oaxaca, Mexico — 91.59
6. Bangkok, Thailand — 91.29
7. Jerusalem, Israel — 91.11
8. Siem Reap, Cambodia — 90.59.
9. Mexico City, Mexico — 90.49
10. Tokyo, Japan — 90.44
ကမ္ဘာလှည့်ခရီးသွားများက ချင်းမိုင်မြို့၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းဝင် ဘုရားကျောင်းကန်များ၊ ထူးခြားဆန်းသစ်သည့် ဒေသစာစမ်းများ၊ လှပသော သဘာဝတောင်တန်းရှုခင်းများနှင့် ကမ္ဘာ့အဆင့်မီ ဖော်ရွေပျူငှာသော ဝန်ဆောင်မှုများကို အထူးချီးကျူးခဲ့ကြသည်။ ထို့ကြောင့် ချင်းမိုင်မြို့သည် ယဉ်ကျေးမှုလေ့လာရေးနှင့် သဘာဝအခြေခံခရီးသွားလိုသူများအတွက် ကမ္ဘာ့အကြိုက်ဆုံး မြို့ပြတစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။
Source;Khaosod
