ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ သီရိရာချာခရိုင်၊ Bo Win မြို့ရှိ အဝေးပြေးလမ်းမ ၃၃၁ ဘေးမှ NGV ဂတ်စ်ဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီခန့်က ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆောက်အအုံပြိုကျကာ ပြုပြင်ထိန်းသိမ်းရေး နည်းပညာရှင်တစ်ဦး နေရာတင် သေဆုံးသွားခဲ့ပါတယ်ဗျာ။
Bo Win ရဲစခန်းမှ ရဲမှူးကြီး ခရစ် (Krit Thitithatsana) နှင့် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာ ပတ်ရွန် (Pak Ruam) လမ်းဆုံအနီးရှိ ဂတ်စ်ဆိုင်သို့ ရောက်ရှိချိန်တွင် ကွန်ကရစ်နံရံများနှင့် အမိုးအကာများ အစိတ်စိတ်အမွှာမွှာ ပြိုကျပျက်စီးနေပြီး ပေါက်ကွဲမှုအရှိန်ကြောင့် လမ်းပေါ်ရှိ ကားအချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။
အသက် ၄၀ အရွယ် ပြုပြင်ထိန်းသိမ်းရေး နည်းပညာရှင် မစ္စတာ စန်သီ (Santi Duangsi) ဖြစ်သည်။ ၎င်းသည် ပြိုကျသွားသည့် ကွန်ကရစ်နံရံအောက်တွင် ပိတ်မိနေခဲ့ပြီး၊ ကယ်ဆယ်ရေးအဖွဲ့များက လျှပ်စစ်မီးများကို အရေးပေါ် ဖြတ်တောက်ပြီးမှသာ ရုပ်အလောင်းကို ဆွဲထုတ်နိုင်ခဲ့သည်။
ဂတ်စ်ဆိုင်ဝန်ထမ်းများနှင့် အတူပါလာသည့် အခြားနည်းပညာရှင်တစ်ဦးဖြစ်သူ မစ္စတာ အော (Mr. Or) ၏ ထွက်ဆိုချက်အရ လျှပ်စစ်ထိန်းချုပ်ခန်း (Electrical cabinet room) အနီးတွင် အနံ့ဆိုးတစ်ခုရသဖြင့် ပြုပြင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
မစ္စတာ အောက ၎င်းအနေဖြင့် အခန်းအပြင်တွင် ကျန်ရစ်ခဲ့ပြီး သေဆုံးသူ မစ္စတာ စန်သီက စစ်ဆေးရန် အခန်းတွင်းသို့ ဝင်ရောက်သွားစဉ် စက္ကန့်ပိုင်းအတွင်း လျှပ်စစ်ထိန်းချုပ်ကက်ဘိနက်မှ အရှိန်ပြင်းစွာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဘော့ဝင်းရဲစခန်းနှင့် မှုခင်းပညာရှင်များအဖွဲ့က ဂတ်စ်ယိုစိမ့်မှု သို့မဟုတ် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် ပေါက်ကွဲရခြင်းဖြစ်နိုင်ချေများကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
Source;Thairath
