တစ်ပတ်တာ Zodiac ဟောစာတမ်း ( ဩဂုတ်် ၃၀ ရက်မှ  စက်တင်ဘာ ၅ ရက်နေ့အထိ)

မိဿရာသီ (Aries)

စကားပြော မှားတတ်သည့် ကာလဖြစ်၍ အများရှေ့တွင် စကားပြောဆိုရာ၌ သတိထားပါ။ မြေနှင့် စိုက်ပျိုးရေး လုပ်ငန်းများမှ မျှော်လင့်သလောက် အမြတ်မရနိုင်ပါ။ လုပ်ငန်းခွင်ပြောင်းလဲမှု သို့မဟုတ် နေရာပြောင်းရွှေ့မှု ရှိနိုင်သည်။ အပေါင်းအသင်းများ၏ ကူညီမှု မရသော်လည်း အချစ်ရေးတွင်မူ မကြာမီ အဆင်ပြေ လှပလာမည်။

♉ ပြိဿရာသီ (Taurus)

အလုပ်တွင် လက်အောက်ငယ်သားများက အစွမ်းကုန် ကူညီပေးမည်။ လူမှုအသိုင်းအဝိုင်းတွင် ဂုဏ်သတင်း မွှေးပျံ့မည်ဖြစ်သော်လည်း မလိုလားအပ်သော ရန်သူ မများစေရန် နှိမ့်ချစွာ ပြုမူပါ။ မျှော်လင့်ထားသော လာဘ်များ ကြန့်ကြာတတ်သည်။ အချစ်ရေးတွင် မပြည့်စုံသေးဘဲ စိတ်တိုင်းမကျဖြစ်ရတတ်သည်။

♊ မေထုန်ရာသီ (Gemini) 

အလုပ်တွင် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မည်။ ခရီးဝေး၊ နိုင်ငံခြားနှင့် သက်ဆိုင်သော လုပ်ငန်းသစ်များနှင့် အွန်လိုင်းလုပ်ငန်းများတွင် အခက်အခဲ ရှိမည်။ ရှေးဟောင်းပစ္စည်းနှင့် အဆောင်များကို ရှောင်ပါ။ ဝင်ငွေ ပုံမှန်ခိုင်မာပြီး အထက်လူကြီးနှင့် မိတ်ဆွေကောင်းများ၏ ကူညီမှုကို ရရှိမည်။

♋ ကရကဋ်ရာသီ (Cancer)

စိတ်ချမ်းသာမှု ရရှိမည်ဖြစ်ပြီး ငွေကြေးပိုင်း မျှော်မှန်းချက်များ မှန်ကန်မည်။ အလှအပဆိုင်ရာ သို့မဟုတ် လက်ဝတ်ရတနာများ လာဘ်ရတတ်သည်။ ရာထူးတိုးခြင်းနှင့် ခရီးသွားလာမှုများ ချောမွေ့အဆင်ပြေမည်။ သို့သော် ကလေးများနှင့် လက်အောက်ငယ်သားများ၏ အမှားကြောင့် တာဝန်ယူရတတ်သည်။

♌ သိဟ်ရာသီ (Leo)

ဘဝကို အေးဆေးစွာ ဖြတ်သန်းနိုင်မည်။ အထက်လူကြီးများ၏ လိုလားချက်အတိုင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ရာဇဝတ်အဖွဲ့အစည်းနှင့် စာပေသင်ယူမှုများ အကျိုးပေးမည်။ အစိုးရနှင့် ဆက်စပ်သောအလုပ်များမှ ဝင်ငွေတိုးမည်။ သို့သော် အိမ်၊ ခြံ၊ မြေနှင့် စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများကို ခဏရှောင်ပါ။

♍ ကန်ရာသီ (Virgo)

စိတ်ပေါ့ပါးသွားမည်ဖြစ်ပြီး မိမိကြိုးစားမှုကြောင့် ရတနာ/ပစ္စည်းလှလှလေးများ ရရှိမည်။ အလုပ်တွင် အခွင့်အလမ်းကောင်းများ ရရှိပြီး သင်တန်း သို့မဟုတ် စာမေးပွဲများ အောင်မြင်မည်။ စကားပြောဆိုရာတွင် အမူအရာ လွန်ကဲပါက ချစ်သူနှင့် စကားများရတတ်သဖြင့် သတိထားပါ။

♎ တူရာသီ (Libra)

အပြိုင်အဆိုင်များတွင် အားနည်းတတ်သော်လည်း ကြိုတင်ပြင်ဆင်ပါက အဆင်ပြေမည်။ အောက်တိုဘာ ၂၀ ရက်ကျော်ပါက ငွေကြေးကံဇာတာ အကြီးအကျယ် ပွင့်လန်းလာမည်ဖြစ်ပြီး ငွေအမြောက်အမြား ဝင်ရောက်လာကာ အကြွေးများပင် ဆပ်နိုင်မည်။ စကားပြောဆိုရာတွင် သတိထားပါ၊ ဒုက္ခရောက်တတ်သည်။

♏ ဗြိစ္ဆာရာသီ (Scorpio)

အဖိုးတန် လက်ဆောင်များ သို့မဟုတ် နဂိုရှိပြီးသား မွေပစ္စည်းများ ရရှိတတ်သည်။ လက်အောက်ငယ်သားများနှင့် ကလေးများ အလုပ်လုပ်ရာတွင် အမှားပါတတ်၍ မကြာခဏ ပြင်ခိုင်းရမည်။ လျှပ်စစ်၊ မီးနှင့် သတ္တုဆိုင်ရာ အလုပ်များတွင် သတိထားပါ၊ ကားအမောင်းမြန်ခြင်းနှင့် ကူးစက်ရောဂါများကို ရှောင်ပါ။

♐ ဓနုရာသီ (Sagittarius)

မိမိကိုယ်တိုင် ဆုံးဖြတ်ခွင့် မရဘဲ အထက်လူကြီးများ၏ ပစ်ပယ်ခြင်းကို ခံရတတ်သည်။ အရေးကြီး မှတ်ပုံတင်၊ ကဒ်များ သို့မဟုတ် စာချုပ်စာတမ်းများ ပျောက်ဆုံး/ပျက်စီးတတ်သဖြင့် သတိပြုပါ။ ငွေကြေးပိုင်း ကံကောင်းမှု အနည်းငယ်ရှိပြီး အကြွေးများ ပြန်ရတတ်သည်။ ချစ်သူက အလုပ်တွင် ကူညီပေးမည်။

မကာရရာသီ (Capricorn)

ကံဇာတာ ကောင်းမွန်နေပြီး ဘေးအန္တရာယ်များမှ ကင်းဝေးမည်။ ချစ်သူ သို့မဟုတ် အကျိုးတူစီးပွားဖက်များ၏ အကူအညီကြောင့် အခက်အခဲများကို ကျော်လွှားနိုင်မည်။ ငွေကြေးပိုင်းတွင် ကုန်ကျစရိတ် ပိုများနေမည်ဖြစ်ပြီး ကျန်းမာရေး သတိပြုရန် လိုအပ်သည်။

ကုမ်ရာသီ (Aquarius) 

ငွေကြေးပိုင်းတွင် ကျပ်တည်းနေမည်ဖြစ်ပြီး ကြိုးစားသလောက် ငွေမဝင်ဘဲ ရှိမည်။ လုပ်ငန်းခွင် ဆက်သွယ်ရေးများတွင် အထောက်အပံ့ မရဘဲ အထင်လွဲခံရတတ်သည်။ ဒေါသထွက်နေချိန်တွင် သူတစ်ပါးကို မဆူပါနှင့်။ စကားပြောဆိုရာတွင် သတိမထားပါက ငွေကုန်ကြေးကျ များတတ်သည်။

♓ မိန်ရာသီ (Pisces)

လက်အောက်ငယ်သားကောင်းများနှင့် အဆင်ပြေမည်ဖြစ်ပြီး သူတို့၏ ကူညီမှုကို ရရှိမည်။ မိတ်ဆွေသစ်များ တိုးပွားမည်ဖြစ်သော်လည်း လူမှုရေးအသိုင်းအဝိုင်းတွင် စကားပြော အဆင်မပြေဖြစ်တတ်သည်။ အိမ်ထောင်ရေးနှင့် ပတ်သက်သော ယုံကြည်မှုများကြောင့် ပြောင်းလဲမှုအချို့ ရှိလာနိုင်သော်လည်း လွန်ကဲစွာ မယုံပါနှင့်။

Source; Khaosod