ယီမင်ရှိ အီရန်လိုလားသော ဟူသီ (Houthi) အဖွဲ့သည် ဆော်ဒီအာရေးဘီးယားနိုင်ငံအပေါ် ရေကြောင်းပိတ်ဆို့မှု ပြုလုပ်သွားမည်ဟု ကြေညာလိုက်သဖြင့် အမေရိကန်-အီရန် စစ်ပွဲတွင် စစ်မျက်နှာသစ်တစ်ခု ထပ်မံပွင့်လာနိုင်ပြီး ကမ္ဘာ့စွမ်းအင် ထောက်ပံ့ရေးအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
ဟူသီတို့သည် ယီမင်ကို ဆော်ဒီက ပိတ်ဆို့ထားမှုအတွက် လက်တုံ့ပြန်ရန် ဘက်ဘ်အယ်လ်မန်ဒက် (Bab el-Mandeb)ရေလက်ကြားကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ထားစဉ် အဆိုပါ ရေလက်ကြားပါ ပိတ်ဆို့ခံရပါက ဆော်ဒီ၏ ရေနံတင်ပို့မှု ရပ်တန့်သွားနိုင်ပြီး ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၇% ခန့် ထပ်မံပျောက်ကွယ် သွားနိုင်သည်။
ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့ကလည်း တိုက်ခိုက်မှုများကို အင်အားသုံး တုံ့ပြန်မည်ဟု သတိပေးထားသည်။
ဂျော်ဒန်နှင့် အီရတ်တို့တွင် အမေရိကန်စစ်သည်များ သေဆုံးခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်ဖြင့် အမေရိကန်က အီရန်အတွင်းရှိ မြို့များစွာကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း ဂျော်ဒန်၊ ကူဝိတ်နှင့် ဆီးရီးယားတို့ရှိ အမေရိကန်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
တိုက်ခိုက်မှုများ ပြင်းထန်နေသော်လည်း ကြားဝင်စေ့စပ်သူများမှတစ်ဆင့် ၁၀ ရက်တာ အပစ်အခတ်ရပ်စဲရေး တင်ပြထားပြီး၊ အီရန်ပြည်ထဲရေးဝန်ကြီးက ပါကစ္စတန်နိုင်ငံထံ ကြားဝင်စေ့စပ်ပေးရန် အကူအညီတောင်းခံထားသည်။
Source;The Nation
