ဆုန်ခလာတက္ကသိုလ်၏ CAR-T သွေးကင်ဆာကုထုံး အောင်မြင်မှု ၉၀% ရှိပြီး ကုန်ကျစရိတ် ၁၀ ဆ သက်သာ

ဆုန်ခလာ၊ ဩဂုတ် ၄ (၂၀၂၆) – ထိုင်းနိုင်ငံ၊ Prince of Songkla တက္ကသိုလ် (PSU) ဆေးပညာဌာနသည် ပြည်တွင်း၌ ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်ထားသော CAR-T Cell ကုထုံးဖြင့် သွေးကင်ဆာနှင့် ခုခံအားစနစ် မူမမှန်သည့် ရောဂါသည်များကို ကုသရာတွင် ၉၀ ရာခိုင်နှုန်းနီးပါး ရောဂါလက္ခဏာ လုံးဝပျောက်ကင်းခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
လူနာ၏ ကိုယ်ပိုင် ခုခံအားဆဲလ်များကို ထုတ်ယူ မျိုးဗီဇပြုပြင်ကာ ပြန်ရည်ကျိတ်ကင်ဆာ၊ သွေးကင်ဆာနှင့် SLE ရောဂါဆဲလ်များကို တိုက်ရိုက် ဖျက်ဆီးစေသည့် နည်းလမ်းဖြစ်သည်။
နိုင်ငံခြားမှ တင်သွင်းရသော ကုထုံးများသည် ဘတ် သန်း ၂၀ နီးပါး ကုန်ကျသော်လည်း PSU မှ ပြည်တွင်းထုတ် ကုထုံးမှာ ဘတ် ၂ သန်းဝန်းကျင် သာ ကုန်ကျသဖြင့် ဝေဒနာရှင်များအတွက် အလွန် သက်သာစေပါသည်။
ဆေးရုံသစ် တည်ဆောက်လျက်ရှိပြီး တစ်နှစ်လျှင် ဝေဒနာရှင် ၃၀ ဦးခန့် ကုသပေးနိုင်ရာမှ လူနာ ၁၀၀ ကျော်အထိ တိုးမြှင့် ကုသပေးနိုင်တော့မည် ဖြစ်သည်။
Phuket ဘန်ကောက် ဆေးရုံကြီးနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် နိုင်ငံတကာ လူနာများပါ အဆင့်မြင့် ဆေးဝါးကုသမှု ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

Source;Khaosod