အပူလျှပ်ခြင်း (Heatstroke) ဆိုတာ ခန္ဓာကိုယ် အပူချိန်ဟာ 40°C ထက် မြင့်တက်သွားပြီး ခန္ဓာကိုယ်၏ အပူချိန်ထိန်းညှိမှုစနစ် ပျက်စီးသွားသော အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါတယ်။ အချိန်မီ စနစ်တကျ ကုသမှုမပြုပါက အသက်သေဆုံးသည်အထိ အလွန်အန္တရာယ်ရှိတာကြောင့် အောက်ပါအချက်တွေကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။ ⚠️
🔍 သတိပြုရမည့် လက္ခဏာများ
🌡️ ချွေးမထွက်ခြင်း: ရာသီဥတု အလွန်ပူသော်လည်း ခန္ဓာကိုယ်မှ ချွေးမထွက်တော့ခြင်း။
🤢 မအီမသာဖြစ်ခြင်း: ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း နှင့် အလွန်အမင်း မောဟိုက်ခြင်း။
❤️ နှလုံးခုန်မြန်ခြင်း: နှလုံးခုန်နှုန်း အလွန်မြန်လာခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း သို့မဟုတ် သတိလစ်သွားခြင်း။
🔴 အရေပြားပြောင်းလဲခြင်း: အရေပြားများ နီရဲပြီး ပူခြစ်လာခြင်း။
🚑 အရေးပေါ် ရှေးဦးသူနာပြုစုနည်း (ချက်ချင်းလုပ်ဆောင်ရန်)
၁။ အရိပ်သို့ ရွှေ့ပါ: လူနာကို အေးမြပြီး လေဝင်လေထွက်ကောင်းသော အရိပ်အောက်သို့ အမြန်ဆုံး ရွှေ့ပြောင်းပါ။
၂။ အနေအထား ပြင်ပါ: လူနာကို တဖက်စောင်း အိပ်ခိုင်းပြီး ခြေထောက်ကို မြှင့်ထားပေးပါ။
၃။ အဝတ်အစား လျှော့ပါ:ဝတ်ဆင်ထားသော အဝတ်အစားများကို ချောင်ချောင်ချိချိ ဖြစ်အောင် ပြုလုပ်ပေးပါ။
၄။ အပူချိန် လျှော့ချပါ: ရေအေးဖြင့် ကိုယ်လုံးကို လောင်းချခြင်း သို့မဟုတ် လည်ပင်း၊ လက်မောင်းနှင့် ဦးခေါင်းတို့ကို ရေပတ်တိုက်ပေးပါ။ ၅။ ဆေးရုံသို့ ပို့ပါ:အချိန်မဆိုင်းဘဲ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ။
🛡️ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
💧 ရေများများသောက်ပါ: နေပူထဲသွားလာပါက တစ်နာရီလျှင် ရေ (၂) ခွက်မှ (၄) ခွက်အထိ ပုံမှန် သောက်သုံးပေးပါ။
☀️ အပူချိန်ကို ရှောင်ပါ: နေအပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
👕 ဝတ်စားဆင်ယင်မှု: လေဝင်လေထွက်ကောင်းသော ပါးပါးလျားလျား အဝတ်အစားများ၊ ဦးထုပ်နှင့် နေကာမျက်မှန်များကို အသုံးပြုပါ။
🚫 သောက်သုံးဖွယ်ရာများ ရှောင်ရန်: အရက်၊ ဘီယာနှင့် ကဖင်းဓာတ်ပါသော အချိုရည်များသည် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ပိုမိုခမ်းခြောက်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။
💡 အထူးသတိပြုရန် – ခန္ဓာကိုယ် ခုခံအားနည်းသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများသည် အပူဒဏ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုစိုက် စောင့်ကြည့်ပေးကြပါနော်။
ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ အပူလျှပ်ခြင်း အန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက် ဒီ အရေးကြီးတဲ့ Post လေးကို Share ပြီး သတိပေးလိုက်ပါဦး ❤️
အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊ 𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်:
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏
𝐒𝐨𝐮𝐫𝐜𝐞;𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
