အယုဒ္ဓယ၊ ဇူလိုင် ၃၀ (၂၀၂၆) – ထိုင်းစကားပြန်နှင့် အဝေးပြေးရဲတပ်ဖွဲ့ (CIB) တို့သည် ပိတ်ရက်ရှည်အတွင်း ခရီးသွားများပြားချိန်ကို အခွင့်ကောင်းယူ၍ ကား ၃ စီးဖြင့် တရားမဝင် သယ်ဆောင်လာသည့် မြန်မာလုပ်သား ၁၉ ဦး နှင့် ထိုင်းယာဉ်မောင်းများကို အယုဒ္ဓယပြည်နယ်၌ ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။
လမ်းခရီးစစ်ဆေးမှု ကင်းလွတ်စေရန် ပိတ်ရက်ရှည် ခရီးသွားယာဉ်များကြားတွင် ရောနှော၍ စင်ဘူရီမှ ဘန်ကောက်နှင့် အနီးဝန်းကျင်သို့ ပို့ဆောင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ယာဉ်မောင်းများသည် တစ်ဦးလျှင် ၉၀၀ ဘတ် သယ်ယူခ ရရှိခဲ့သည်။
ထိုင်းယာဉ်မောင်းများအား “တရားမဝင် ဝင်ရောက်သူများအား ကူညီဖုံးကွယ်ပေးမှု”၊ မြန်မာလုပ်သား ၁၉ ဦးအား “တရားမဝင် ဝင်ရောက်မှု” ပုဒ်မတို့ဖြင့် အရေးယူထားသည်။
Source;CIB
