ချင်းမိုင်၊ ဩဂုတ် ၂ (၂၀၂၆) – ချင်းမိုင်ပြည်နယ်အတွင်းရှိ သံဃာတော်များ သာသနာပိုင် ရာထူးနေရာများ ဆက်လက်တည်မြဲရေးအတွက် လာဘ်ငွေတောင်းခံမှုများ ရှိနေသည်ဆိုသည့် သတင်းစွပ်စွဲချက်များကို ချင်းမိုင်ပြည်နယ် သာသနာရေးဦးစီးဌာန (Chiang Mai Provincial Office of Buddhism) က တနင်္ဂနွေနေ့တွင် တရားဝင် ငြင်းဆိုလိုက်ပါတယ်။
ချင်းမိုင်ပြည်နယ် သံဃာ့အဖွဲ့အစည်း အုပ်ချုပ်ရေးအတွင်း ရာထူးနေရာများ မပျောက်ပျက်စေရန်အတွက် သံဃာတော်များထံမှ ငွေကြေး တောင်းခံမှုများ ရှိနေကြောင်း မီဒီယာများ၌ သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မဟာနိကာယ (Mahanikaya) နှင့် ဓမ္မယုတ္တိကာ (Dhammayut) သံဃာ့ဂိုဏ်းကြီး နှစ်ခုစလုံးမှ ဒေသဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော်ကြီးများက ချင်းမိုင်ပြည်နယ်အတွင်း ယင်းကဲ့သို့သော ဖြစ်စဉ်မျိုး လုံးဝ (လုံးဝ) မရှိခဲ့ကြောင်း အတည်ပြု မိန့်ကြားထားသည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သက်သေအထောက်အထား သို့မဟုတ် သဲလွန်စတစ်ခုခု ရှိပါက နှစ်ဖက်စလုံး တရားမျှတမှု ရရှိစေရန်အတွက် ဌာနညွှန်ကြားရေးမှူးထံ တိုက်ရိုက် ပေးပို့တိုင်ကြားနိုင်ကြောင်း အကြောင်းကြားထားသည်။
တိုင်ကြားလိုသူများအနေဖြင့် ချင်းမိုင်မြို့နယ်၊ ချန်ဖူးအက် (Chang Phueak) ရပ်ကွက်၊ ချိုထနာ (Chotana) လမ်းရှိ ချင်းမိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ သာသနာရေးဦးစီးဌာနသို့ လူကိုယ်တိုင် သွားရောက်၍ဖြစ်စေ၊ ဖုန်းနံပါတ် 081-951-4434 သို့ ဆက်သွယ်၍ဖြစ်စေ သတင်းအချက်အလက် ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။
Source;Khaosod
