နွန်သဘူရီ PAO ဥက္ကဋ္ဌအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် လွှတ်တော်အမတ်ဟောင်း အား ဖမ်းဆီးရမိ

နွန်သဘူရီခရိုင် အုပ်ချုပ်ရေးအဖွဲ့ (PAO) ရုံးဝန်းအတွင်း၌ PAO ဥက္ကဋ္ဌ ရဲမှူးကြီး သောင်ချိုင်း ယင်းပရာဆီးရ် တတ် အား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် လွှတ်တော်အမတ်ဟောင်း ချလောင်း ရူးရောင်း ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
ယနေ့နံနက် ၁၀:၁၄ နာရီခန့်တွင် လွှတ်တော်အမတ်ဟောင်း ချလောင်း က ကားပေါ်တက်စီးသည့် PAO ဥက္ကဋ္ဌ ရဲမှူးကြီး သောင်ချိုင်း အား ကားမှန်ပြတင်းပေါက်မှတစ်ဆင့် သေနတ်ဖြင့် အနီးကပ် ၄ ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ပြီး ဒရိုင်ဘာဖြစ်သူမှာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။
ချလောင်း က ၎င်းအား ပြန်မဆပ်ဘဲ ငြင်းဆန်နေသည့် ဘတ် ၁၁ သန်း တောင်းခံရာမှ စကားများပြီး ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနသို့ ဖုန်းဆက် ဝန်ခံခဲ့သည်။
ပစ်ခတ်မှုအပြီးတွင် ချလောင်း သည် လက်နက်စွန့်လွှတ်ကာ PAO ရုံး၌ပင် စောင့်ဆိုင်းနေခဲ့သဖြင့် ရတနာသီဘက် ရဲစခန်းက လာရောက်ဖမ်းဆီးသွားခဲ့သည်။

Source;Bangkok Post