ဘန်ကောက် ဆီလုံတွင် ဗီယက်နမ်အမျိုးသမီးကို ဓားဖြင့်တိုက်ခိုက်သူ ဖမ်းမိ- “ဝတဲ့သူတွေကို မကြိုက်လို့” ဟု ထူးဆန်းစွာထွက်ဆို

ဘန်ကောက်မြို့၏ စီးပွားရေးအချက်အချာကျသော ဆီလုံ (Silom) နယ်မြေရှိ 7-Eleven စတိုးဆိုင်ရှေ့တွင် ဗီယက်နမ်အမျိုးသမီးတစ်ဦးကို ကတ်တာဓားဖြင့် တိုက်ခိုက်ခဲ့သည့် အိုးမဲ့အိမ်မဲ့ ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က CCTV မှတစ်ဆင့် လျင်မြန်စွာ ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။

ဇွန်လ ၂၇ ရက်၊ နံနက် ၁၁:၃၀ ဝန်းကျင်၊ ဆီလုံ လမ်းသွယ် ၅ (Soi Silom 5) ရှိ 7-Eleven ဆိုင်ရှေ့တွင် အသက် ၂၉ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ Nguyen Thi Ngoc Tram (ထိုင်းနိုင်ငံရှိ ကြော်ငြာကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ) ဖြစ်ပြီး ဓားဒဏ်ရာများ ရရှိခဲ့သည်။

အသက် ၃၀ အရွယ် အက်ဆာနာ (Etsana – အမည်ပြောင် Film) ဆိုသူ ဖြစ်ပြီး လမ်းဘေးတွင် လှည့်လည်နေထိုင်သည့် အိုးမဲ့အိမ်မဲ့တစ်ဦး ဖြစ်သည်။

ဖြစ်ပွားပြီးနောက် ထုန်းမဟာမေခ် (Thung Maha Mek) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဆီလုံတစ်ဝိုက်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှုကာ တရားခံကို လမ်းသွယ်တစ်ခုအတွင်း ကတ်တာဓားနှင့်အတူ အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

တရားခံက ၎င်းအနေဖြင့် ဒဏ်ရာရသူကို ရန်ငြိုးမရှိဘဲ “ဝတဲ့သူတွေကို မကြိုက်လို့” ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းတွင် ဝန်ခံထွက်ဆိုခဲ့သည်။

လက်ရှိတွင် တရားခံကို ကိုယ်ခန္ဓာနာကျင်စေမှုဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ဒဏ်ရာရသူ ဗီယက်နမ်အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူပြီးနောက် ရဲစခန်းသို့လာရောက်ကာ တရားခံကို စနစ်တကျ လက်ညှိုးထိုး အတည်ပြုခဲ့သည်။ အဆိုပါ တရားခံသည် ယခင်ကလည်း အနီးအနားဝန်းကျင်တွင် ပြဿနာအချို့ ရှာဖူးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါတယ်။

Source;Khaosod

#Mingalarnews #BangkokCrime2026 #SilomKnifeAttack #BangkokNews