ရှားပါး Pokémon ကတ်များအား ပြည်ပမှ မှာယူပေးမည်ဟုဆိုကာ လိမ်လည်ခဲ့သူ “Mr. Mor” ကြောင့် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးထံမှ ဘတ် ၁ သန်းကျော် ပါသွားခဲ့သည့် အပါအဝင် ဒုက္ခရောက်ရသူ ၂၅ ဦးထက်မနည်း စီးပွားရေးပြစ်မှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECD) ထံ တိုင်ကြားခဲ့ကြပါတယ်။
သံသယရှိသူသည် စတင်ရောင်းချချိန်တွင် ပစ္စည်းအမှန်များကို တိကျစွာ ပို့ဆောင်ပေးခဲ့သဖြင့် စုဆောင်းသူများနှင့် ကတ်အရောင်းအဝယ် ပြုလုပ်သူများအကြား ယုံကြည်မှု ရရှိခဲ့သည်။
အမှာစာ ကြီးကြီးမားမား ရရှိချိန်တွင် အကောက်ခွန်နှင့် အခွန်ပြဿနာများ အကြောင်းပြကာ ပစ္စည်းမပို့တော့ဘဲ ဖေ့စ်ဘုတ်ခ် စာမျက်နှာအား ပိတ်ပစ်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
၁၁ နှစ်အရွယ် ကလေးငယ်ထံမှ ဘတ် ၁ သန်းကျော် အပါအဝင်၊ ၁၅ နှစ်အရွယ်နှင့် ၂၂ နှစ်အရွယ် စုဆောင်းသူများပါ လိမ်လည်ခံခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှု ပမာဏမှာ ဘတ် ၅ သန်းကျော် (THB 5 Million) ရှိပြီ ဖြစ်သည်။
ကတ်ပွဲစီစဉ်သူများက ရင်းနှီးသည့် ဆက်ဆံရေး သို့မဟုတ် ပြည်ပမှ အထူးရရှိနိုင်သည်ဆိုသော အချက်တစ်ခုတည်းကို မယုံကြည်ဘဲ ရောင်းချသူ၏ အထောက်အထား၊ ပစ္စည်း မူရင်းနေရာနှင့် အရောင်းအဝယ် မှတ်တမ်းများကို သေချာစစ်ဆေးပြီးမှ ငွေလွှဲကြရန် တိုက်တွန်းထားသည်။
လူငယ်များစွာ ပါဝင်လာသည့် စုဆောင်းရေး ဈေးကွက်အတွင်း လိမ်လည်မှုများ ကာကွယ်ရန် တင်းကျပ်သည့် နည်းလမ်းများ လိုအပ်နေပြီး၊ သံသယရှိသူအား အမြန်ဆုံး ဖမ်းဆီးအရေးယူပေးရန် တိုင်ကြားသူများက တောင်းဆိုထားသည်။
Source;Bangkok Post
