ဖူးခက်တွင် အိမ်ခြံမြေပွဲစားအဖြစ် ဟန်ဆောင်ကာ နိုင်ငံခြားသားများနှင့် ထိုင်းနိုင်ငံသားများထံမှ ဘတ် ၅ သန်းကျော် လိမ်လည်ယူခဲ့သည့် ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်ဗျာ။
ထနာပွန် (Thanaporn) သို့မဟုတ် ယူ (Yu) ဆိုသူ ထိုင်းအမျိုးသမီးဖြစ်ပြီး ဩဂုတ် ၂၆ ရက် နံနက် ၆ နာရီခန့်က ထလန်း (Thalang) ခရိုင်ရှိ နေအိမ်တစ်လုံးတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံသား ၂ ဦးက ၎င်းတို့သည် ဖူးခက်ရှိ ဇိမ်ခံဗီလာများ ငှားရမ်းရန်အတွက် သနာပွန်ထံသို့ ငွေကြေးများ လွှဲပြောင်းပေးခဲ့ရာမှ လိမ်လည်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ရာမှ ယခုအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၁.၅ သန်းကို ချာင်တလိုင်း (Cherng Talay) ရှိ ဗီလာအတွက် တစ်ဦးက လွှဲပြောင်းပေးခဲ့ပြီး၊ နောက်ထပ် ခရီးသွားတစ်ဦးက ဘတ် ၅၀၀,၀၀၀ လွှဲပြောင်းပေးခဲ့ရာ ရုရှားနှစ်ဦးတည်းတင် ဘတ် ၂ သန်း ဆုံးရှုံးခဲ့ရသည်။
ထာနပွန်ခရိုင်တွင်လည်း အတုအယောင် ဟိုတယ်ဝက်ဘ်ဆိုက်များ ဖန်တီးကာ အပန်းဖြေနေရာများ ကြိုတင်မှာယူရန် လိမ်လည်ခဲ့သူ ထိုင်းအမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ ဘဏ်စာရင်းအတွင်း ငွေကြေးလည်ပတ်မှု ပမာဏ ဘတ် သန်း ၂၀ ကျော် ရှိခဲ့သည်။
ခေါင်းယှဥ် (Khao Yai) အမျိုးသားဥယျာဉ်ရှိ ဟိုတယ် အတုအယောင် ဘွတ်ကင်လုပ်မှုကြောင့် ဘတ်၁၄,၁၀၀ ဆုံးရှုံးခဲ့ရပြီးနောက် လိမ်လည်ခံရသူ ၄၀ ကျော်အထိ ထွက်ပေါ်လာခဲ့ဖူးသည်။
Source;Thaiger
