ထိုင်းနိုင်ငံ အမျိုးသား အာကာသနှင့် နက္ခတ္တဗေဒ သုတေသန အဖွဲ့ (NARIT) မှ လာမည့် စက်တင်ဘာ ၁၄ ရက် (တနင်္လာနေ့) ညနေပိုင်းတွင် အနောက်ဘက် ကောင်းကင်ယံ၌ လက သောကြာဂြိုဟ် (Venus) ကို ကွယ်သွားသည့် “Lunar Occultation of Venus” ဟုခေါ်သော ကြုံတောင့်ကြုံခဲ နက္ခတ္တဗေဒ ဖြစ်စဉ်ကြီးကို အများပြည်သူများ လေ့လာနိုင်ရန် အခမဲ့ ကြည့်ရှုနိုင်သည့် ပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဘန်ကောက်မြို့ ပတ်ဝန်းကျင်တွင် ညနေ ၇:၂၈ နာရီမှ စတင်၍ လသည် သောကြာဂြိုဟ်၏ ရှေ့မှ တဖြည်းဖြည်း ရွေ့လျား ဖုံးကွယ်သွားမည်ဖြစ်သည်။ ည ၈:၂၄ နာရီ ဝန်းကျင်တွင် နှစ်ခုစလုံးသည် မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်ရောက်သွားမည် ဖြစ်သဖြင့် ဖြစ်စဉ် ပြီးဆုံးသည့် ည ၈:၃၄ နာရီခန့်၌ သောကြာဂြိုဟ် ပြန်လည် ထွက်ပေါ်လာသည်ကို ဘန်ကောက်မှ ကြည့်ရှုသူများ မြင်တွေ့ရမည် မဟုတ်ပေ။ (အခြား ဒေသအသီးသီး၌ အချိန်အနည်းငယ် ကွဲပြားနိုင်သည်)။
မိုးအုံ့ခြင်း သို့မဟုတ် မိုးရွာသွန်းခြင်း မရှိပါက အနောက်ဘက် မိုးကုတ်စက်ဝိုင်း အဆောက်အအုံ မကွယ်သည့် လွင်ပြင်၊ ကမ်းခြေ သို့မဟုတ် မြင့်သော နေရာများမှ ရိုးရိုးမျက်စိဖြင့် အလွယ်တကူ ကြည့်ရှုနိုင်သည်။ ဒေတာအချက်အလက် စုဆောင်းရန် သို့မဟုတ် ပိုမို ကြည်လင်စွာ မြင်တွေ့လိုပါက မှန်ပြောင်းများ အသုံးပြု၍ သောကြာဂြိုဟ်၏ လခြမ်းပုံသဏ္ဌာန် ကွယ်ပျောက်သွားမှုကို ကြည့်ရှုနိုင်ပါသည်။
: NARIT သည် စက်တင်ဘာ ၁၄ ရက်၊ ညနေ ၆:၀၀ နာရီမှ ည ၁၀:၀၀ နာရီအထိ နခွန်ရတ်ချာစီမာ (Nakhon Ratchasima)၊ ခွန်ခန် (Khon Kaen)၊ ချာချိုအင်ဆာအို (Chachoengsao) နှင့် ဆုန်းခလာ (Songkhla) မြို့များရှိ ပြည်သူ့ နက္ခတ္တဗေဒ စခန်းကြီး ၄ ခုတွင် တယ်လီစကုတ် မှန်ပြောင်းကြီးများဖြင့် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်။
ထိုင်းနိုင်ငံတွင် အနောက်ဘက် ကောင်းကင်၌ လင်းလက်စွာ မြင်တွေ့ရသည့် သောကြာဂြိုဟ်ကို “ဒါအို ပရာချမ်မောင်း” (Dao Pracham Mueang / မီးအိမ်ကြယ်) ဟု ခေါ်ဆိုကြပြီး၊ လာမည့် စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၆ တွင် ယခုနှစ်၏ အတောက်ပါဆုံး အနေအထားသို့ ရောက်ရှိမည်ဖြစ်သည်။
Source;The Nation
