BLACKPINK အဖွဲ့ဝင် ရိုဆီ (Rosé) မှ iPhone 18 Pro နှင့် ရိုက်ကူးထားသည့် မှန်ကြည့်ဓာတ်ပုံအား လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ပြီးနောက် Samsung Electronics ဘက်မှ ကျီစယ်စနောက်ထားသည့် Comment တို ပို့စ်အောက်သို့ ရောက်ရှိလာခဲ့သဖြင့် ပရိသတ်များအကြား ရေပန်းစားလျက်ရှိပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က Rosé သည် ၎င်း၏ လူမှုကွန်ရက်တွင် iPhone 18 Pro ဖြင့် ရိုက်ကူးထားသည့် Mirror Selfie ဓာတ်ပုံနှင့်အတူ “iPhone, new trick, watch this” ဟူသည့် စာသားဖြင့် ပို့စ်တင်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်နေ့တွင် Samsung Electronics Canada ၏ တရားဝင် အကောင့်မှ ရိုဆီ၏ ပို့စ်အောက်၌ “ဖုန်းအစစ်တစ်လုံး လိုချင်ရင် ငါတို့ကို တောင်းလိုက်ရုံပါပဲ” (“If you needed a real phone, you could have just asked us”) ဟု ရယ်စရာ စနောက်ထားသည့် Comment ရေးသားခဲ့တယ်။
Rosé သည် Apple နှင့် ပူးပေါင်း၍ ဖန်တီးထားသည့် ‘New Trick’ အမည်ရှိ သီချင်းသစ်ကို လာမည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် တရားဝင် ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားကြောင်းသိရပါတယ်။
Source;Starnews
