အင်္ဂလန် လက်ရွေးစင်နှင့် ပရီးမီးယားလိဂ် ကစားသမားဟောင်း Andros Townsend သည် စက်တင်ဘာ ၁၉ ရက် (စနေနေ့) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်းလိဂ်-၁ ပြိုင်ပွဲ၏ ပထမပိုင်း အနားယူချိန်၌ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် မြက်ခင်းပြင် ဒလိမ့်တုံး (Pitch roller) ဖြင့် တိုက်မိကာ ခြေထောက် ကြိတ်မိသဖြင့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရပါတယ်။
PT Prachuap အသင်းတွင် ကစားနေသည့် အသက် ၃၅ နှစ်အရွယ် တောင်းဆန်းသည် ပတ္တာနီ (Pattani FC) အသင်းနှင့် အဝေးကွင်း ပွဲစဉ်အဖြစ် Tinsulanonda Stadium Click to open side panel for more information ၌ ယှဉ်ပြိုင်ကစားစဉ် ပထမပိုင်း အနားယူချိန်အတွင်း ကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကွင်းအတွင်း မောင်းနှင်နေသည့် မြက်ခင်းပြင် ဒလိမ့်တုံးသည် တောင်းဆန်းအား ဝင်တိုက်မိကာ ခြေထောက်ပေါ်မှ ကြိတ်ဖြတ်သွားခဲ့သဖြင့် တင်ပါးဆုံတစ်ဝိုက်နှင့် ပေါင်ခြံတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုဖြစ်စဉ်ကြောင့် ကွင်းအတွင်းရှိ ပရိသတ်များ အံ့အားသင့်သွားခဲ့ကြသော်လည်း တောင်းဆန်းသည် ပွဲပြီးခါနီးတွင် ကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက် ကစားနိုင်ခဲ့သည်။ အဆိုပါပွဲတွင် PT Prachuap အသင်းက ပတ္တာနီအသင်းအား ၃ – ၀ ဖြင့် အနိုင်ရရှိခဲ့သည်။
Source;Khaosod
