ထိုင်းမိုးလေဝသဌာန (TMD) က လာမည့် ၂၄ နာရီအတွင်း ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက် ဧရိယာ၏ ၇၀% အပါအဝင် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ခရိုင် စုစုပေါင်း ၄၁ ခုတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဗျာ။
မုတ္တမကွေ့ (Gulf of Martaban) သို့ ရွှေ့လျားသွားသော လေဖိအားနည်းရပ်ဝန်းနှင့် အန္ဒမန်ပင်လယ်၊ ထိုင်းတောင်ပိုင်းတို့တွင် အရှိန်ကောင်းနေသည့် အနောက်တောင်မုတ်သုံလေတို့ကြောင့် ဖြစ်သည်။
တောင်ခြေအနီး၊ ရေလမ်းကြောင်းအနီးနှင့် မြေနိမ့်ပိုင်းများတွင် လျှပ်တစ်ပြက် ရေကြီးမှု၊ မြေပြိုမှု၊ မြစ်ရေလျှံမှုနှင့် ရေရှည် ရေကြီးမှုများ ဖြစ်ပွားနိုင်သဖြင့် သတိထားကြရန် နှိုးဆော်ထားသည်။
အန္ဒမန်ပင်လယ်မြောက်ပိုင်းနှင့် ထိုင်းကွေ့မြောက်ပိုင်းတို့တွင် လှိုင်းအမြင့် ၂ မှ ၃ မီတာ (မိုးကြိုးမုန်တိုင်းချိန် ၃ မီတာကျော်) အထိ မြင့်တက်နိုင်သဖြင့် ရေယာဉ်ငယ်များ စက်တင်ဘာ ၂၈ ရက်အထိ ကမ်းကပ်ထားရန် ညွှန်ကြားထားသည်။
🗺️ ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်များ
ဘန်ကောက်နှင့် အနီးတစ်ဝိုက်: ဧရိယာ၏ ၇၀% တွင် မိုးကြိုးမုန်တိုင်း ထန်မည်ဖြစ်ပြီး နေရာကွက်ကျား မိုးကြီးမည်။ (အပူချိန် ၂၃–၃၁°C)
မြောက်ပိုင်း: ဧရိယာ၏ ၇၀% တွင် မိုးရွာမည်။ မယ်ဟောင်ဆောင်၊ ချင်းမိုင်နှင့် တာ့ခ် တို့တွင် မိုးအလွန်သည်းထန်မည်ဖြစ်ပြီး၊ ချင်းရိုင်၊ လမ်ဖုန်း၊ လင်းပန်း၊ ဖရဲ၊ သုခေါသယ၊ ကမ်ဖဲင်ဖက်နှင့် ဖက်ချဘွန် တို့တွင် မိုးကြီးမည်။
အလယ်ပိုင်း: ဧရိယာ၏ ၇၀% တွင် မိုးရွာမည်။ နခွန်စဝမ်၊ ဥထိုင်းဌာနီ၊ သုဖန်ဘူရီ၊ ကန်ချနဘူရီနှင့် ရာချဘူရီ တို့တွင် မိုးအလွန်သည်းထန်မည်။
အရှေ့ပိုင်း: ဧရိယာ၏ ၇၀% တွင် မိုးရွာမည်။ နခွန်နာယုတ်၊ ပရာချင်းဘူရီ၊ ဇလဘူရီ၊ ရရောင်း၊ စန်ထဘူရီနှင့် တရတ် တို့တွင် မိုးအလွန်သည်းထန်မည်။
အရှေ့မြောက်ပိုင်း (အီဆာန်): ဧရိယာ၏ ၆၀% တွင် မိုးရွာမည်။ လိုအီး၊ ချယဖူးမ်၊ နခွန်ရက်ချာစီမာနှင့် ဘူရီရမ် တို့တွင် မိုးကြီးမည်။
တောင်ပိုင်း (ကမ်းရိုးတန်း ၂ ဖက်လုံး): ဧရိယာ၏ ၆၀% တွင် မိုးရွာမည်။ ဖက်ချဘူရီ၊ ပရာကျွတ်ခီရီခန်၊ ရနောင်း၊ ဖန်ငါနှင့် ဖူးခက် တို့တွင် မိုးကြီးမည်။
Source;The Nation
