♈ (Aries) ဂြိုဟ်ကေတ ရွှေ့ပြောင်းသွားပြီဖြစ်သဖြင့် ပြီးခဲ့သည့် ၂ လအတွင်း ကြုံတွေ့ခဲ့ရသော ပြဿနာကြီးများ၊ စိတ်ဆင်းရဲစရာများနှင့် ကျန်းမာရေးထိခိုက်မှုများ ရုတ်တရက် အဆုံးသတ်သွားမည်။ မကြာမီကာလအတွင်း အခက်အခဲများမှ လွတ်မြောက်မည့် လမ်းကြောင်းပေါ်ရောက်ရှိလာမည်ဖြစ်ပြီး အရှိန်အဝါကြီးမားသူများ၏ ကူညီပံ့ပိုးမှုဖြင့် အရာရာ အထွတ်အထိပ်သို့ ရောက်ရှိမည်။
♎ (Libra) ကံဇာတာခွင်အတွင်း ဂြိုဟ်ကောင်းများ ဝင်ရောက်လာသဖြင့် အလုပ်အကိုင်တွင် လမ်းကြောင်းမျိုးစုံမှ အောင်မြင်မှုရရှိမည်။ ဝင်ငွေအပြင် အပိုဝင်ငွေများ ဝင်ရောက်လာခြင်း၊ အပိုဆုကြေး (Bonus) ရရှိခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းများ သေချာပေါက် ကြုံတွေ့ရမည်။ ဆွဲဆောင်မှုအထူးကောင်းမွန်နေကာ “လှလေလေ ချမ်းသာလေလေ” ဖြစ်မည့် ကာလဖြစ်သည်။
♐ (Sagittarius) ယခင်က ဝန်ထုတ်ဝန်ပိုးများနှင့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါ ကံကောင်းခြင်းများ ဝင်ရောက်လာပြီး နှစ်မကုန်မီ ကံထူးခြင်းနှင့် ဆုကြီးများ ရရှိမည်။ အကျပ်အတည်းများ အားလုံး ပြေလည်သွားကာ အကြွေးများကို အမြန်ဆုံး ဆပ်နိုင်မည့် အခွင့်အလမ်းများ ပွင့်လာမည်။
♒ (Aquarius) အောက်တိုဘာ ၁၇ ရက်နောက်ပိုင်းတွင် ယခုနှစ်အတွင်း အားအကောင်းဆုံး ကံဇာတာသို့ ရောက်ရှိမည်။ အလုပ်အကိုင်၊ ငွေကြေးနှင့် လာဘ်လာဘများ အပြည့်အဝ ဝင်ရောက်လာမည်ဖြစ်ပြီး မိမိမျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိကာ စီးပွားရေးလုပ်ကိုင်ရန် စွမ်းအင်အပြည့် ရှိနေမည်။
♋(Cancer) ကံဇာတာတွင် အလင်းရောင်နှင့် အထောက်အပံ့ကောင်းများ ဝင်ရောက်လာမည့် ကာလဖြစ်သည်။ ဤကာလတွင် ဘုရားကျောင်းကန် သွားရောက်ခြင်း၊ နတ်ဗြဟ္မာများနှင့် မိမိတို့၏ အိမ်တွင်းစောင့်နတ်များကို ရှိခိုးပူဇော်ခြင်းဖြင့် စီးပွားရေးနှင့် ငွေကြေးခိုင်မာမှုကို ပိုမိုပွင့်လန်းစေမည်ဖြစ်ပြီး တန်ဖိုးကြီးမားသော လာဘ်လာဘများကို ပိုင်ဆိုင်ရမည်။
Source; Khaosod
