မြန်မာနိုင်ငံမှ ကလေးသူငယ်များအား တရားမဝင် ခိုးသွင်းကာ ဖျော်ဖြေရေး နေရာများတွင် ပန်းနှင့် အစားအသောက်များ အဓမ္မ ရောင်းချခိုင်းနေသည့် လူကုန်ကူးဂိုဏ်းကို ဘန်ကောက်မြို့၊ စပန်းဆောင်း (Saphan Sung) မြို့နယ်၌ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ ၄ ဦးအား ဖမ်းဆီးမိခဲ့ပြီး မြန်မာကလေးသူငယ် ၇ ဦးအပါအဝင် လူငယ်များကို ကယ်တင်နိုင်ခဲ့ပါတယ်။
ဂိုဏ်းထံမှ လွတ်မြောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးက မုဒိမ်းကျင့် ရိုက်နှက်ခံရကြောင်း တိုင်ကြားခဲ့ရာမှ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) အထူးအဖွဲ့က ငှားရမ်းထားသော နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်များအား မဲဆောက် (Mae Sot) နယ်စပ် သဘာဝ လမ်းကြောင်းများမှတစ်ဆင့် ဘန်ကောက်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ကယ်တင်ခံရသူများအနက် အမွှာကလေးငယ် ၂ တွဲလည်း ပါဝင်သည်။
ကယ်တင်ရရှိသူများအား ဘန်ချန် (Bang Chan) ရဲစခန်းနှင့် လူမှုဝန်ထမ်းများက စောင့်ရှောက်ပေးထားပြီး၊ ဖမ်းဆီးရမိသူ ၄ ဦးအား လူကုန်ကူးမှု၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ကလေးသူငယ် ခေါင်းပုံဖြတ်မှု ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
Source;Thaiger
