ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလာဘူရီ (Sangkhlaburi) နယ်စပ်ရှိ ခေါဝ်ချန်ဖူအက် (Khao Chang Phueak) အမျိုးသား သစ်တောကြိုးဝိုင်းအတွင်း ဘက်ဟိုးနှင့် ထော်လာဂျီများ အသုံးပြုကာ သစ်တောမြေများကို တရားမဝင် တူးဖော်ရှင်းလင်း ကျူးကျော်နေသူ ၃ ဦးကို လတ်ယာ (Lat Ya) တပ်ဖွဲ့နှင့် သစ်တောရေးရာ တာဝန်ရှိသူများ ပူးပေါင်း၍ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ပါတယ်။
ဆူရာစီ (Surasi) တပ်ဖွဲ့နှင့် အမှတ် (၉) ခြေလျင်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ် Chalermchai Chadjai ၏ ညွှန်ကြားချက်အရ လတ်ယာတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး Sarayut Soralum သည် သစ်တောရေးရာနှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းကာ ဆန်ခလာဘူရီမြို့နယ်၊ နောင်လူ (Nong Lu) ကျေးရွာအုပ်စု၊ ဘန်ဖရာကျေဒီ ဆမ်အောင်း (Ban Phra Chedi Sam Ong) ဒေသအတွင်း တရားမဝင် သစ်တောမြေ ကျူးကျော်နေကြောင်း သတင်းပေးချက်အရ သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် မှတ်ပုံတင်မရှိသူ Mr. Lui ကို ဖမ်းဆီးရမိခဲ့ပြီး Backhoe တစ်စီးနှင့် Komatsu PC56-7 တူးဖော်ရေးစက် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကာ တရားမဝင် ရှင်းလင်းခံရသည့် သစ်တောမြေ 0-0-34 ရိုင်း (Ngan/Wah ယူနစ်) ကို သိမ်းဆည်းခဲ့သည်။
ရာချဘူရီခရိုင်မှ အသက် ၄၉ နှစ်အရွယ် Mr. Chanton နှင့် အသက် ၃၈ နှစ်အရွယ် Mr. Boonkerd တို့ ၂ ဦးကို Komatsu PC60-5 ဘက်ဟိုးတစ်စီး၊ Kubota M9808 ထော်လာဂျီတစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျူးကျော်ခံရသည့် သစ်တောမြေ 0-2-14 ရိုင်းကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
စုစုပေါင်း စစ်ဆင်ရေးတွင် ကျူးကျော်ခံရသည့် သစ်တောမြေဧရိယာ ၂ ရိုင်းနှင့် ၄၈ စတုရန်းဝါ (2 rai 48 sq wah) ရှိပြီး၊ တရားခံ ၃ ဦးကို ဖမ်းဆီးကာ တူးဖော်ရေးစက် ၂ စီးနှင့် ထော်လာဂျီ ၁ စီးတို့ကို သစ်တောဥပဒေအရ အရေးယူနိုင်ရန် သင်္ဃန်းဘူရီ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့သည်။
Source;Thairath
