ထိုင်းနိုင်ငံ၊ နခွန်ဖနုမ် (Nakhon Phanom) ခရိုင်၊ မဲခေါင်မြစ်ဘေးရှိ အထင်ကရနှင့် အလေးအမြတ်ထားရာPhaya Srisattanakharat နဂါးရုပ်တုကြီး၏ လည်ဆွဲတွင် အောက်တိုဘာ ၂၈ ရက် နံနက် ၄ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သီတင်းကျွတ် မီးမျှောပွဲတော် (End of Buddhist Lent Candle Boat Festival) နောက်ဆုံးညတွင် ပစ်ဖောက်ခဲ့သော မီးရှူးမီးပန်းများမှ မီးပွားများက စိမ်းကြပ်၊ ပုတီးများနှင့် အဆင်တန်ဆာများဖြင့် ပြုလုပ်ထားသော လည်ဆွဲပေါ်သို့ ကျရောက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။
နဂါးရုပ်တုကြီးမှာ ကြေးဝါဖြင့် ပြုလုပ်ထားခြင်းဖြစ်သဖြင့် ရုပ်တုတော်ကြီး သီးသန့် ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
မီးလောင်သွားသော လည်ဆွဲမှာ ဘတ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ တန်ကြေးရှိပြီး၊ ပုံမှန်အားဖြင့် အလှူရှင်များက ၂ လလျှင် တစ်ကြိမ် အသစ်လဲလှယ် ပူဇော်လေ့ရှိကြသည်။
စည်ပင်သာယာရေး အဖွဲ့နှင့် တာဝန်ရှိသူများက မီးခိုးမှိုင်းဒဏ်ရာများကို ရှင်းလင်းပိုလစ်တိုက်ပေးရန် စီစဉ်နေပြီး၊ နဂါးရုပ်တုကြီးတွင် လည်ဆွဲအသစ် ပြန်လည်ဆင်မြန်းပေးရန်နှင့် နောက်နောင် အလားတူ မတော်တဆမှုများ မဖြစ်ပွားစေရန် ကာကွယ်ရေးစနစ်များ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
Source;Thairath
