ဒွန်မောင်းလေဆိပ်တွင် နိုဝင်ဘာ ၁ မှစ၍ ခရီးသည်များအား Pat-downs စစ်ဆေးမှုစနစ်သို့ ပြောင်းလဲမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် (Don Mueang International Airport) သည် လေကြောင်းလုံခြုံရေး ပိုမိုတင်းကျပ်စေရန်အတွက် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ခရီးသည်များအား လက်ကိုင် သတ္တုရှာဖွေရေး စက်များဖြင့် စစ်ဆေးခြင်းအစား ကိုယ်တိုင် စမ်းသပ်စစ်ဆေးသည့် (Pat-downs) စနစ်သို့ ပြောင်းလဲကျင့်သုံးတော့မည် ဖြစ်ကြောင်း အင်္ဂါနေ့တွင် တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Walk-through သတ္တုရှာဖွေရေး ဂိတ်များ သို့မဟုတ် Body Scanner များကို ဖြတ်သန်းပြီးသော ခရီးသည်များအား လက်ကိုင်စက်များဖြင့် အပိုစစ်ဆေးခြင်း မပြုတော့ဘဲ၊ တာဝန်ရှိသူများက ကိုယ်တိုင် စမ်းသပ်စစ်ဆေးသည့် Pat-downs နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စည်းမျဉ်းသစ်သည် ထိုင်းနိုင်ငံ စိဗီလ်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT) ၏ စည်းမျဉ်းများ သို့မဟုတ် နိုင်ငံတကာ စိဗီလ်လေကြောင်း အဖွဲ့အစည်း (ICAO) ၏ ထောက်ခံချက်များနှင့်အညီ လေကြောင်းလုံခြုံရေး စံနှုန်းများကို မြှင့်တင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။

စစ်ဆေးမှု စနစ်သစ်ကြောင့် လူစည်ကားသည့် အချိန်များတွင် စစ်ဆေးချိန် အနည်းငယ် ပိုမိုကြာမြင့်နိုင်ပြီး အဆင်မပြေမှုများ ရှိလာနိုင်သဖြင့် လေယာဉ်စီးနင်းမည့် ခရီးသည်များအနေဖြင့် လေဆိပ်သို့ ကြိုတင်၍ အချိန်ပိုပေး လာရောက်ကြရန် အကြံပြုထားသည်။

လေဆိပ်အာဏာပိုင်များ၏ ပြောကြားချက်အရ စစ်ဆေးမှုများကို ခရီးသည်များ၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် သင့်လျော်မှန်ကန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

Source;Khaosod