ထိုင်းနိုင်ငံ၊ ချင်းမိုင် (Chiang Mai) မြို့နယ်အတွင်းရှိ လမ်းဘေး ဝက်သားကင် (Moo Ping) ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂ ဦးအား အလုပ်လုပ်ကိုင်ခွင့် ကတ် (Work Permit) ပါ လုပ်ငန်းအမျိုးအစားနှင့် လွဲမှားစွာ လုပ်ကိုင်နေမှုဖြင့် အောက်တိုဘာ ၂၉ ရက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာ အာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ပါတယ်။
မောင်း (Muang) မြို့နယ်၊ ဝတ်ကတ် (Wat Ket) ရပ်ကွက်၊ သုန်းဟိုတယ်လမ်း (Thung Hotel Road) အနီးရှိ ဆိုင်များကို စစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြန်မာလုပ်သား ၂ ဦးသည် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်နှင့် အလုပ်ရှင် အာမခံချက်ပါရှိသော Work Permit ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း၊ ခွင့်ပြုထားသည့် အလုပ်အကိုင်မှာ “အထွေထွေ အလုပ်သမား” (Labourer) ဖြစ်နေပြီး အမှန်တကယ် လုပ်ကိုင်နေသည်မှာ ဝက်သားကင် ရောင်းချသည့် အလုပ်ဖြစ်နေသည်။
၎င်းတို့သည် အဆိုပါ ဝက်သားကင်ဆိုင်တွင် တစ်ရက်လျှင် ဘတ် ၃၀၀ ဖြင့် လေးငါးလခန့် အလုပ်လုပ်ကိုင်နေခဲ့ပြီး၊ အလုပ်ရှင် အသစ်ပြောင်းလဲခြင်း သို့မဟုတ် အလုပ်အကိုင် အသေးစိတ် သတင်းပို့ခြင်းများကို ၁၅ ရက်အတွင်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ဝန်ခံခဲ့ကြသည်။
အဆိုပါ မြန်မာလုပ်သား ၂ ဦးအား အလုပ်လုပ်ကိုင်ခွင့် စည်းမျဉ်းပါ အချက်အလက်များ တရားဝင် အကြောင်းမကြားမှုဖြင့် အရေးယူရန် မဲပင် (Mae Ping) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပါတယ်။
Source;Khaosod
