ထိုင်းနိုင်ငံ၊ ဇင်းမယ် (Chiang Mai) ခရိုင်၊ ဒွိုင်လို (Doi Lo) မြို့နယ်၊ ဆန်တီဆုခ် (Santisuk) ရပ်ကွက်ရှိ ဝတ်မိုင်နောင်ဟွိုင် (Wat Mai Nong Hoi) စေတီတော်၏ စိန်ဖူးတော်နှင့် အထက်ပိုင်း အစိတ်ပိုင်းများ ပြိုကျပျက်စီးခဲ့ရသည့် အဓိက အကြောင်းရင်းမှာ တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းပြီး စေတီအတွင်း ရေဝပ်ကာ တွင်းပိုင်း မြေကြီးများ ပျော့အိသွားခြင်းကြောင့်ဖြစ်ကြောင်း ဇင်းမယ်ခရိုင် ဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ရုံးက ကနဦး သုံးသပ်ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဖြစ်စဉ်သည် နိုဝင်ဘာ ၃ ရက် နံနက် ၉:၄၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ပါ။
မွန်းလွဲ ၂:၃၀ နာရီခန့်တွင် ဇင်းမယ်ခရိုင် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ရုံးမှ တာဝန်ရှိသူများ၊ ဒွိုင်လို မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေး ဦးစီးဌာန၊ ရှေးဟောင်းသုတေသန (Fine Arts) ဌာန၊ စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့များနှင့် ဆန်တီဆုခ် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြသည်။
စေတီတော်၏ စိစစ်စစ်ဆေးမှုများနှင့် ပြန်လည် ပြုပြင်ရေး အစီအစဉ်များ စနစ်တကျ ရေးဆွဲနိုင်ရန်အတွက် ဇင်းမယ်ခရိုင် ဆောက်လုပ်ရေးနှင့် မြို့ပြစီမံကိန်း ရုံး၊ ဆန်တီဆုခ် မြို့နယ် အင်ဂျင်နီယာ အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။
ဘုရားဒါယကာ ပြည်သူများ၏ သဒ္ဓါတရား ထက်သန်မှုနှင့်အညီ စေတီတော်အား မူလလက်ရာ မပျက် ပိုမို ကြံ့ခိုင် ဘေးကင်းစွာ ပြန်လည် ပြင်ဆင် တည်ဆောက်သွားမည် ဖြစ်ပါတယ်။
Source;Thaiger
