ထိုင်းနိုင်ငံတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ခရီးသွားများအတွက် အလိုအလျောက် ပတ်စ်ပို့စစ်ဆေးသည့်စနစ် တိုးချဲ့ခွင့်ပြု 

ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးသွားများ လဝက (Immigration) စစ်ဆေးမှု ပိုမိုမြန်ဆန်စေရန်နှင့် လေဆိပ်အတွင်း တန်းစီစောင့်ဆိုင်းရသည့် အချိန်များကို လျှော့ချရန်အတွက် နိုင်ငံနှင့် ဒေသပေါင်း ၃၃ ခုမှ ခရီးသွားများကို Automatic Passport Control ဂိတ်များ စတင်အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီစနစ်တွင် ဗီဇာကင်းလွတ်ခွင့်ရထားသူများနှင့် e-Visa ကိုင်ဆောင်ထားသူများ ပါဝင်ပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ UAE နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် ဥရောပ ၂၄ နိုင်ငံမှ ခရီးသွားများ အသုံးပြုနိုင်မည် ဖြစ်ပါတယ်။

📍 အဓိကသိရှိထားရမည့် အချက်များ 

▪️ ရရှိနိုင်သည့် လေဆိပ်များ: လက်ရှိတွင် Suvarnabhumi Airport တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ဆက်လက်၍ Don Mueang နှင့် Phuket လေဆိပ်များသို့ တိုးချဲ့သွားမည် ဖြစ်ပါတယ်။ 

▪️ အသုံးပြုနည်း: Thailand Digital Arrival Card (TDAC) တွင် စာရင်းသွင်းပြီး Email မှတစ်ဆင့် အကြောင်းကြားစာ ရရှိသူများ အသုံးပြုနိုင်ပါမည်။

စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ခရီးသွား ၉၄,၀၀၀ ကျော် အသုံးပြုခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားနိုင်ငံသားများ အများဆုံး အသုံးပြုခဲ့ကြကြောင်း သိရပါတယ်။

ထိုင်းသို့ သွားရောက်မည့် ခရီးသွားများအတွက် လေဆိပ်ဝင်ထွက်ရတာ ပိုမိုလွယ်ကူမြန်ဆန်လာတော့မည်ဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်