စမုဆာခွန်၌ ဘတ် ၅ သန်းနီးပါးတန် တရားမဝင် ဝက်အူ တန် ၂၄ တန်ကျော်အား ထိုင်းစီးနင်းသိမ်းဆည်

ထိုင်းနိုင်ငံ၊ စမုဆာခွန် ခရိုင်ရှိ အအေးခန်းစက်ရုံတစ်ခုအတွင်း တရားမဝင် တင်သွင်းလာသည့် ဘတ် ၄.၉ သန်းကျော် တန်ဖိုးရှိ ဝက်အူ တန် ၂၄ တန်ကျော်အား ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် သားငါးဌာနတို့ ပူးပေါင်း၍ စီးနင်းသိမ်းဆည်းလိုက်ပါတယ်။

စက်ရုံအတွင်း၊ အပြင်ဝင်းနှင့် ကားပေါ်တို့တွင် တရားဝင် သယ်ယူခွင့် ပါမစ်မရှိသည့် ဆားစိမ်ဝက်အူ ၁၅၄ ပီပါ (အလေးချိန် ၂၄.၆ တန်ကျော်) အား စိစစ်တွေ့ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ဘတ် ၄,၉၂၈,၀၀၀ ခန့် ရှိသည်။

တရုတ်နိုင်ငံသားတစ်ဦးက ပိုင်ရှင်ဖြစ်ကြောင်း ထွက်ဆိုသော်လည်း တရားဝင် စာရွက်စာတမ်း ပြသနိုင်ခြင်း မရှိသေးပေ။ အာဏာပိုင်များက အဆိုပါ ပစ္စည်းများကို သိမ်းဆည်းထားပြီး ၇ ရက်အတွင်း အထောက်အထား ပြသနိုင်ခြင်း မရှိပါက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်။

အာဏာပိုင်များက ပြည်သူများနှင့် စားသောက်ဆိုင်များအနေဖြင့် ကျန်းမာရေးအတွက် မူရင်းဒေသ အထောက်အထားမရှိသော ဈေးပေါ် သားငါးများကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားပါတယ်။

Source;Thairath