Bolt လုံခြုံရေးတင်းကျပ်- အကောင့်တုအသုံးပြုသူများကို AI ဖြင့် စစ်ဆေးမည်

ပြီးခဲ့တဲ့ ၂၀၂၆ ဧပြီလကုန်ပိုင်းက ကျောင်းသူလေးတစ်ဦးဟာ Bolt ဆိုင်ကယ်စီးစဉ်မှာ ယာဉ်မောင်းဖြစ်သူက လမ်းကြောင်းလွှဲမောင်းနှင်တာ၊ ဖုန်းလုဖို့ကြိုးစားတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဆိုင်ကယ်ပေါ်ကနေ ခုန်ချခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ အဆိုပါယာဉ်မောင်းဟာ တခြားသူရဲ့အကောင့်ကို အသုံးပြုပြီး မောင်းနှင်နေသူဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ယာဉ်မောင်းအစစ်အမှန် ဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ မျက်နှာကို ကျပန်းစနစ် (Random) နဲ့ ခဏခဏ စစ်ဆေးသွားမှာဖြစ်ပြီး အကောင့်တု သို့မဟုတ် အကောင့်မျှဝေသုံးစွဲသူတွေကို တားဆီးသွားမှာ ဖြစ်ပါတယ်။ အကောင့်ကို တခြားသူအား ငှားရမ်းခြင်း သို့မဟုတ် အကောင့်တုသုံးစွဲခြင်း တွေ့ရှိပါက အဆိုပါအကောင့်ကို အပြီးအပိုင် ပိတ်သိမ်းမှာဖြစ်ပါတယ်။ လက်ရှိမှာ စည်းကမ်းချိုးဖောက်တဲ့ ယာဉ်မောင်းပေါင်း ၄၀,၀၀၀ ကျော် ကို ပိတ်သိမ်းပြီးပြီလို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပြောင်းလဲမှုတွေ ရှိလာရင် AI စနစ်ကနေ ချက်ချင်းသိရှိပြီး အရေးပေါ်တုံ့ပြန်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်မစတင်မီ ယာဉ်မောင်းရဲ့မျက်နှာ၊ လိုင်စင်နံပါတ်နဲ့ App ထဲက အချက်အလက်တွေ ကိုက်ညီမှု ရှိ၊ မရှိ သေချာစစ်ဆေးဖို့ App ထဲမှာ သတိပေးချက် (Pop-up reminders) တွေ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Source;Khaosod