GPS လမ်းညွှန်မှား၍ ဆိုင်ကယ်သီးသန့် ကွေ့ပတ်တံတားပေါ် ဆီဒန်ကား တက်မိပြီး ပိတ်မိ

ထိုင်းနိုင်ငံ၊ ဆာမတ်ဆာခွန် (Samut Sakhon) ခရိုင်၊ ရာမ ၂ လမ်းမကြီး (Rama II Road) ပေါ်တွင် အောက်တိုဘာ ၁၅ ရက်နေ့က အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆီဒန် (Sedan) မော်တော်ယာဉ်တစ်စီးသည် GPS လမ်းညွှန်မှုကို အပြည့်အဝ ယုံကြည်မောင်းနှင်ခဲ့ရာမှ မော်တော်ဆိုင်ကယ်များသာ သွားလာနိုင်သည့် ကွေ့ပတ်တံတား (Motorcycle-only U-turn bridge) ပေါ်သို့ မှားယွင်း တက်ရောက်ခဲ့ပြီး အရှေ့သို့လည်း ဆက်သွားမရ၊ နောက်သို့လည်း ပြန်ဆုတ်မရဘဲ ပိတ်မိသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ယာဉ်မောင်း အမျိုးသမီးသည် GPS လမ်းညွှန်ချက်အတိုင်း မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး တံတား အကျယ်အဝန်းမှာ မော်တော်ဆိုင်ကယ်များအတွက်သာ သီးသန့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သဖြင့် လမ်းကြောင်းကျဉ်းမြောင်းလွန်းကာ မော်တော်ယာဉ်မှာ တံတားအလယ်တွင် ပိတ်မိသွားခဲ့ခြင်း ဖြစ်သည်။

ဆီဒန်ကားမှာ တံတားထိပ်သို့ ရောက်ရှိသွားချိန်တွင် ဆက်လက် မောင်းနှင်ရန် မဖြစ်နိုင်တော့သည့်အပြင် လမ်းကျဉ်းလွန်းသဖြင့် နောက်သို့ ပြန်လည် ဆုတ်ခွာနိုင်ခြင်းလည်း မရှိတော့ပေ။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနီးအနားရှိ တာဝန်ရှိသူများနှင့် ကူညီရေးအဖွဲ့များက အဆိုပါ မော်တော်ယာဉ်အား တံတားပေါ်မှ အန္တရာယ်ကင်းစွာ ပြန်လည် ထုတ်ယူနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ကြရသည်။

Source;Thai Enquirer