Lisa ၏ သီချင်းသစ် “SaWaDiKa” MV မိတ်ဆက်၊ Hua Lamphong ဘူတာရုံကြီးအား ကမ္ဘာ့အလယ်တွင် မီးမောင်းထိုးပြလိုက်ပြီ

ကမ္ဘာကျော် ထိုင်း K-pop စတား လာလီဆာ မနိုဗန် (Lisa) ၏ တစ်ကိုယ်တော် သီချင်းသစ် “SaWaDiKa” သီချင်းဗီဒီယို (MV) ထွက်ရှိလာခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့က LLOUD သီချင်းယူကျုချန်နယ်တွင် တင်ဆက်ခဲ့ရာ ပထမ ၁ နာရီအတွင်း ကြည့်ရှုသူ ကြည့်ရှုမှု (Views) ၁ သန်းကျော်နှင့် ၂ နာရီအတွင်း ၁.၉ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။

ယခင် အောင်မြင်ခဲ့သည့် “ROCKSTAR” သီချင်းတွင် ယာဝရတ် (Chinatown) ကို မီးမောင်းထိုးပြခဲ့ပြီးနောက် ယခု သီချင်းသစ်တွင် ဘန်ကောက်၏ သမိုင်းဝင် ဟူလမ်ဖုန်း (Hua Lamphong) ဘူတာရုံကြီး အပါအဝင် ထိုင်းမွေထိုင်းလက်ဝှေ့၊ တုတု (Tuk-tuk) သုံးဘီးကားများနှင့် ခေတ်မီဆန်းသစ်သော ထိုင်းရိုးရာ ဝတ်စုံဒီဇိုင်းများကို ထည့်သွင်း ရိုက်ကူးထားသည်။

ထိုင်းဘာသာစကားဖြင့် နှုတ်ဆက်သည့် “Sawasdee ka” ကို သီချင်းခေါင်းစဉ်အဖြစ် အသုံးပြုထားသည့်အပြင် သီချင်းစာသားအတွင်း “Bangkok” နှင့် “Geng Mak” (အလွန်တော်သည်) စသည့် ထိုင်းစကားလုံးများကို ကမ္ဘာ့အဆင့် ပေါ့ပ်ဂီတနှင့် ပေါင်းစပ်ထားသည်။

ထိုင်းဒီဇိုင်နာများ၏ လက်ရာ ထိုင်းရိုးရာ ရက်ကန်းထည်များဖြင့် ချုပ်လုပ်ထားသည့် ခေတ်မီဝတ်စုံများကို ဝတ်ဆင်၍ ထိုင်းရိုးရာလက်ရာများကို ကမ္ဘာ့ဖက်ရှင်လောကသို့ ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ သီချင်းသည် Lisa ၏ EP အယ်လ်ဘမ်သစ် “PRESS PLAY” တွင် ပါဝင်ပြီး၊ ထိုင်းနိုင်ငံ၏ ခေတ်ပြိုင် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို ကမ္ဘာက ပိုမိုစိတ်ဝင်စားလာစေရန် ဆွဲဆောင်နိုင်သည့် MV တစ်ခု ဖြစ်လာခဲ့သည်။

Source;The Nation