Songkhla မြို့ အမှိုက်ပုံကြီး မီးလောင်မှုကြောင့် လေထုညစ်ညမ်းမှုအန္တရာယ် အရေးပေါ်သတိပေး

ထိုင်းနိုင်ငံတောင်ပိုင်း၊ Songkhla မြို့နယ်ရှိ Municipal အမှိုက်ပုံတွင် ယနေ့ (ကြာသပတေးနေ့) မနက်အစောပိုင်းက မီးလောင်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ဧရိယာ ဧက ၄၀ ခန့် (ရိုင် ၅၀) ထိခိုက်ပျက်စီးခဲ့ပြီး လေထုအတွင်း ဖုန်မှုန့်အမှုန်အမွှား (PM2.5) ပမာဏ အဆမတန် မြင့်တက်နေကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၁၄ စီးနှင့် ရေတပ်အကူအညီများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် လက်ရှိတွင် မီးညွန့်ကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ထွက်ပေါ်လာသည့် အမည်းရောင်မီးခိုးငွေ့များမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။ တိုင်းတာချက်များအရ မီးလောင်ရာနေရာအနီးတွင် PM2.5 ပမာဏမှာ ၁,၂၆၀ µg/m³ အထိရှိနေပြီး ၎င်းမှာ အစိုးရသတ်မှတ်ထားသည့် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၃၃ ဆခန့် ပိုမိုများပြားနေသည်။

သို့ဖြစ်ပါ၍ Koh Taew နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများအနေဖြင့် အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်ကြရန်နှင့် မျက်စိ၊ နှာခေါင်း သို့မဟုတ် လည်ချောင်း ယားယံခြင်းကဲ့သို့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိပါက ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေထိုင်ကြရန် တာဝန်ရှိသူများက အရေးပေါ် သတိပေးနှိုးဆော်ထားသည်။

Source; Bangkok Post