Soul Reaper စတိုင်ဖြင့် ဖျော်ဖြေပွဲကိုလုံခြုံရေးယူပေးသည့် ထိုင်း အုပ်ချုပ်ရေး ဒု-ခေါင်းဆောင် လူမှုကွန်ရက်တွင် ရေပန်းစား

ထိုင်းနိုင်ငံ၊ ဥဒုံထာနီခရိုင် တွင် ကျင်းပသည့် တေးဂီတ ဖျော်ဖြေပွဲတစ်ခု၌ စတိုင်ဟန်ပန်ဆန်းဆန်းဖြင့် ဓားမကြီး ကိုင်ဆောင်ကာ စင်ရှေ့တွင် လုံခြုံရေးယူပေးနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးစနစ် ဒု-ခေါင်းဆောင်တစ်ဦး၏ ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားလျက် ရှိပါတယ်။

ပုံမှန်အားဖြင့် တာဝန်ကျ အရာရှိများသည် လက်နက်ငယ် သို့မဟုတ် နံပါတ်တုတ်များသာ ကိုင်ဆောင်လေ့ရှိသော်လည်း အဆိုပါ ဒု-ခေါင်းဆောင်သည် မီးဖိုချောင်သုံး ဓားမကြီး (Giant Cleaver) ကို ပခုံးပေါ် ထမ်းကာ စင်ရှေ့၌ ကင်းလှည့်နေခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက် အသုံးပြုသူများက ၎င်း၏ ပုံစံသည် နာမည်ကြီး ဂျပန် animationထဲမှ (Soul Reaper) သို့မဟုတ် “ဂျီနူနို တာချီ” (Soul-Cutter Sword) ကိုင်ဆောင်ထားသည့် ခေါင်းဆောင်တစ်ဦးနှင့် တူကြောင်း စနောက် ရေးသားခဲ့ကြသည်။

ဗီဒီယိုဖိုင် ရေပန်းစားလာပြီးနောက် ကြည့်ရှုသူများက ပွဲအတွင်း ရမ်းကားသူများ မလာရဲအောင် “တကယ်ကို အစွမ်းကုန် ပြင်ဆင်လာတာပဲ” ဟု ဟာသလုပ် ချီးကျူးခဲ့ကြသည်။

Source;Khaosod